Chapter-15+ 16

794 129 33
                                    

Unicode

Chapter 15 ( ဘယ်သူပိုကောင်းလဲ ? )

အိုးရန်ချီက သူ့ရဲ့မျက်နှာအမူအရာကို ပြုပြင်ပြီးတဲ့နောက် ပြောလိုက်သည် " ဖေး , ငါသိပါတယ် မင်းငါ့အပေါ် ခံစားချက်တွေရှိတုန်းပဲ ဆိုတာ "

( T/N - ဇွတ်ပဲနော် )

မော့ဖေးက ခေါင်းရမ်းကာ အလေးအနက်ပြောလိုက်သည် " မင်းငါ့ကို အထင်လွဲနေပြီ ။ ငါအခု မင်းကို လုံးဝသဘောမကျဘူး "

အိုးရန်ချီက သူ့စကား‌များကို လစ်ချူရှုကာ ဆက်ပြောလိုက်သည် " ဖေး , မင်းရဲ့နှလုံးသားထဲမှာ ငါရှိနေတာကို ဘာလို့ဝန်မခံချင်ရတာလဲ ။ ငါ့ကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းနောက်ကို ပိုးပန်းတဲ့သူတွေကို ဘာလို့ ငြင်းရတာတုန်း "

မော့ဖေးက မျက်လုံးပြူးကြည့်လိုက်ရင်း " ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့ ။ ငါမင်းအတွက်ငြင်းတာမဟုတ်ဘူး "

အိုးရန်ချီက မော့ဖေးအားကြည့်ကာ သက်ပြင်းချလိုက်သည် " ဖေး, မင်းသားယွီက မင်းနဲ့ မသင့်တော်ဘူး "

မော့ဖေး ပြုံးလိုက်သည်။သူ့မျက်နှာပေါ်၌ အထင်သေးသည့်ပုံပေါ်လာကာ " ဒါဆိုငါက ဘယ်သူနဲ့သင့်တော်တာလဲ ? မင်းနဲ့လား ? "

အိုးရန်ချီက အပြုံတစ်ခု အားတင်းပြုံးကာ " အကယ်၍ ငါပြောချင်တာက အကယ်၍ မင်းလိုချင်တယ်ဆိုရင် ငါတို့စတင်လို့ရပါတယ် "

မော့ဖေးက မျက်မှောင်ကြုတ်ကာ သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည် " မင်းရှင်းရှင်းလင်းလင်း သိထားသင့်တာက မင်းသားယွီက S class ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ S class စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတာနော် ။ ဒီလောက်ထူးချွန်တဲ့လူကို မင်းလိုလူအတွက်နဲ့ ငါကအရှုံးပေးလိမ့်မယ်လို့ မင်းတကယ်ကြီးထင်နေတာလား ? သူ့ရဲ့ရှေ့မှာတော့ မင်းက ဘာတစ်ခုမှမဟုတ်ဘူးပဲ ။ မင်းကိုယ်မင်း သောက်ကျိုးနည်း ဘယ်သူလို့ထင်နေတာလဲ ? သူဘယ်လောက်ချောလဲ မင်းသိလား ? သူဘယ်လောက်အားကောင်း‌လဲသိလား ? သူဘယ်လောက် ချမ်းသာလဲသိလား ? မင်းက သူ့ခြေမတောင် မမှီဘူး ! "

( T/N - ရှင်လေးက ဗလောင်းဗလဲတော် "

အိုးရန်ချီ ရှက်သွားပုံရသည်။ သူက မော့ဖေးကိုကြည့်လိုက်သည် " ဘယ်ရှု့ထောင့်ကနေကြည့်ကြည့် မင်းသားယွီက ပြည့်စုံပြီးသားပါ ဒါပေမဲ့ သူမင်းကို ဘယ်တော့မှ ကြိုက်လာမှာ မဟုတ်ဘူး "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Onde histórias criam vida. Descubra agora