Chapter-11 + 12

657 113 4
                                    

Chapter-11 ( ပထမဆုံးဒိတ် )

မော့ရီက မှုန်သုန်ကာ မျက်မှောင်ကြုတ်နေတဲ့ မော့ဖေးအား မေးလိုက်သည်။

"သခင်လေး ဘာများဖြစ်နေတာလဲ "

မော့ဖေးက သူ့ရဲ့လက်ပေါ် မေးစေ့တင်ကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး ။အစားအသောက်‌ဆိုင်ကောင်းကောင်းမှာ ညစာ ထွက်စားဖို့ မင်းသားယွီက ငါ့ကို စာပို့ရုံပါပဲ "

မော့ရီ မျက်လုံးပြူးသွားကာ စိတ်လှုပ်ရှားသွားပြီး

" သခင်လေး ပြောချင်တာက မင်းသားယွီက ညစာထွက် စားဖို့ ခေါ်တယ်ပေါ့ "

မော့ဖေးခေါင်းငြိတ်လိုက်သည်။

"ဟုတ်တယ် ။ ငါစဉ်းစားနေတာ သွားသင့်လား မသွားသင့်လား "

မော့ရီက တုန်လှုပ်သွားကာ

" သခင်လေး စဉ်းစားဖို့လိုသေးလို့လား ? သွားသင့်တာပေါ့ဗျ ! အဲ့တာမင်းသွားယွီလေ ! သူနဲ့တွေ့ခွင့်ရဖို့အတွက် လူတွေ ကြယ်ဒဂ်ါးသန်းချီပေးဖို့ ဆန္ဒရှိနေကြတာ "

မော့ဖေးက သူရဲ့လက်ကို ဝှေ့ရမ်းလိုက်ရင်း

"သူနဲ့တွေ့ရဖို့အတွက် ကြယ်ဒဂ်ါး သန်းချီပေးဖို့ ဆန္ဒရှိကြတယ် ? အဲ့တာက ရူးမိုက်တဲ့လူချမ်းသာတွေ လုပ်တဲ့အရာပဲ ။ ငါက ဆင်းရဲပြီး စမတ်ကျတယ် ။ အဲ့လိုအရာမျိုးမလုပ်ဘူး "

မော့ရီက ပခုံးတွန့်ပြကာ

" အဲ့တာ မင်းသားယွီနော် ။ အနည်းဆုံးတော့ လောကဝတ်ပြုသင့်တယ် "

မော့ဖေးက ခေါင်းငြိတ်ကာ

" ငါလည်း အဲ့လိုပဲ တွေးနေတာ ဒါပေမဲ့ ငါနည်းနည်းတော့ စိုးရိမ်မိတယ် "

မော့ရီက သိချင်လိုစိတ်ဖြင့်

" သခင်လေးက ဘာကို စိုးရိမ်နေတာလဲ ? မင်းသားယွီက သ‌ခင်လေးအပေါ် မကျေမနပ်ဖြစ်မှာကို ကြောက်နေတာလား ? "

မော့ဖေးက သူ့အား အကြည့်ပို့လိုက်ကာ ဒေါသထွက်စွာဖြင့်

" ငါကအရမ်းချစ်ဖို့ကောင်းပြီး မျက်စိပသာဒဖြစ်တဲ့ သူပါနော် ၊ အဲ့လိုပျင်းစရာကောင်းတဲ့ ကိစ္စတွေကို စိုးရိမ်စရာလား ။ ငါစိုးရိမ်ရတဲ့အကြောင်းအရင်းက အစားအသောက်ဆိုင်ကောင်းကောင်းမှာရှိတဲ့ အစားအစာတွေက ဈေးကြီးတာပဲ ။ သူပိုက်ဆံမရှင်းရင် ငါဘယ်လိုလုပ်ရမလဲ "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now