Chapter 5+6

803 112 3
                                    

Unicode

Chapter-5 ( ငါက ချမ်းသာတယ် )

မော့ရီက မော့ဖေးအား နှစ်သိမ့်လိုက်သည် ။

" ဒေါသထွက်မနေပါနဲ့ သခင်လေးရယ် "

မော့ဖေးက နှာမှုတ်လိုက်ရင်း

"ဟင် ? ငါကဘာကို ဒေါသထွက်ရမှာ‌လဲ "

လင်းရှီပြောသွားတဲ့ အိုးရန်ချီဆိုတာ မူလမော့ဖေးရဲ့ ငယ်သူငယ်ချင်း ၊ သူတိုက ငယ်ငယ်လေးကတည်းက စေ့စပ်ထားပြီးသား ၊ ကံမကောင်းစွာပဲ အသက်၁၅နှစ်မှာ အရည်အချင်းစစ် စာမေးပွဲဖြေသောအခါ အိုးရန်ချီက Aအဆင့် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းရှိပြီး Bအဆင့် စိတ်ဝိညာဉ် အရည်အချင်းရှိသူဖြစ်နေပြီး မော့ဖေးကတော့ Eအဆင့် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းနဲ့ Eအဆင့် စိတ်ဝိညာဉ် အရည်အချင်းရှိနေသူဖြစ်သည် ။ အဲ့ဒီနောက်မှာတော့ အိုးရန်ချီသည် စေ့စပ်ထားသည်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့သည်။

ဒါကြောင့် မော့ဖေးက အိုးရန်ချီအတွက် Sဆေးရည်ထိုးသွင်းခံရတာဖြစ်သည် ။ အိုးရန်ချီဆီမှ အသဲခွဲခံရပြီးနောက်တွင် သူဟာ အသက်ငယ်ငယ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။

သူ့ကိုယ်သူ သတ်သေပြီး မကြာခင်မှာပဲ မော့ဖေးက သူ့ခန္ဓာကိုယ်ဆီ ကူးပြောင်းလာခဲ့သည် ။

" သခင်လေး အခုလေးတင် ကိုယ့်ဘာသာ သခင်မကြီးဆီ ပစ်ဝင်လိုက်တာ သခင်မကြီးဆီက အကျိုးအမြတ်ယူဖို့တော့ မဟုတ်ဘူးမလား ဟုတ်တယ်မလား? "

မစ်လင်းရှီက ဆိုးရွားတဲ့ ဒေါသတရားရှိပေမဲ့ သူမမှာ မော့ဖေးအကြိုက် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ လှပတဲ့ မျက်နှာရှိတယ်။

မော့ဖေးက မပျော်တော့ဘဲ

"ဒါမင်း ငါ့ကို တွေးတဲ့ပုံစံလား ? ငါ့ကို အပေါ်ယံစည်းလေးတောင် မရှိတဲ့လူလို့ ထင်နေတာလား ?

မော့ရီက အနေခက်စွည ပြုံးလိုက်ပြီး

" သခင်လေးက ရည်မှန်းချက်ကြီးကြီးရှိလို့ပါ "

မော့ဖေးက ခေါင်းငြိမ့်ကာ

" အဲ့လိုပြောတာ ပိုကောင်းတယ် "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Onde histórias criam vida. Descubra agora