Chapter - 46

506 47 6
                                    

Unicode

Chapter - 46 ( အဲ့လောက်လည်းဈေးမကြီးပါဘူး )

တက္ကသိုလ်နယ်မြေထဲမှာ လမ်းလျှောက်နေရင်း လူတွေအားလုံးက ကျင့်ကြံခြင်းတည်ဆောက်မှု့အကြောင်းကိုပဲ ပြောနေကြတာကို မော့ဖေးအံအားသင့်စွာပဲ ရှာတွေ့သွားတော့တယ်။

မော့ဖေးမျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။

"ကျင့်ကြံခြင်းတည်ဆောက်မှု့ကို ဒီမှာ အဲ့လောက်နာမည်ကြီးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး"

မော့ရီက တစ်ခဏကြာ စေ့စပ်စဉ်းစားပြီးတဲ့နောက်မှာ ပြောလိုက်သည်။

"မိသားစုကြီးတွေရဲ့ ပြိုင်ဆိုင်မှု့က တော်တော်လေး ပြင်းထန်တယ်။ မိသာစုခေါင်းဆောင် ဖြစ်လာဖို့အတွက် ငယ်ရွယ်တဲ့ မျိုးဆက်လေးတွေက သံယံဇာတ နည်းနည်းလေးအပေါ်တောင် ပြိုင်ဆိုင်နေကြတာ ဒီလိုမျိုး ကျင့်ကြံခြင်း အရှိန်ကို အားရဖွယ်တက်စေတဲ့ အံ့အားသင့်စရာကောင်းတဲ့ ကိရိယာမျိုးဆိုရင်တော့ ပြောမနေပါနဲ့တော့။!"

မော့ဖေးခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။

"မှန်တာပဲ"

မော့ရီ သူ့မျက်လုံးတွေကို မှေး၍ကြည့်လိုက်သည်။ ' သူ့မှာ ကျင့်ကြံ‌ခြင်းတည်ဆောက်မှု့ ငါးခုတောင်‌ရှိတာ ၊ဒါဟာ သန်း၅၀၀ ကျော်ပဲ !' အခုသူ့ကို ချမ်းသာတယ်ဟု ယူဆလို့ရနိုင်ကြောင်း မော့ရီ ရုတ်တရက် နားလည်သွားသည်။

မော့ဖေးကတော့ အနည်းငယ်သဝန်တိုစွာပဲ ပြောလိုက်သည်။

"ဒီတစ်ကြိမ်တော့ တတိယမင်းသား ထပ်ပြီး ထောပြီပဲ"

မော့ဖေးရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ 'တတိယမင်းသား ချမ်းသာတယ်ဆိုရင် သူတို့လက်ခံနိုင်ကြတယ် ။ ဒါပေမဲ့ ငါသာ ဒီလောက်ချမ်းသာသွားရင် သေခြင်းတရားနဲ့ သိပ်ဝေးတော့မှာမဟုတ်ဘူး။ ငါလေးက အရမ်းကို စမတ်ကျပေမဲ့ ၊ ဆင်းရဲဖို့ ကံပါလာတာပဲ! အရမ်းသနားဖို့ကောင်းတယ်!'

"အရှင် မော့ဖေး မင်း ပြန်လာပြီ!" စုရုန်ဟာ သူ့ကို တက်ကြွစွာပဲ ကြိုဆိုတော့သည် ။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Sep 29, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ကျွန်တော့ရဲ့ လူလည်လေး{Translation}Nơi câu chuyện tồn tại. Hãy khám phá bây giờ