Chapter -42

350 61 5
                                    

Chapter - 42 (လူသိရှင်ကြား ထုတ်ဖော်ပြောခြင်း )

လော့ယွီ့က သူ့ရဲ့လက်ထဲမှာရှိနေတဲ့ ဆေးရည်ကို စေ့စပ်ကြည့်ရှု့လိုက်သည်။ သူ့ရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားကာ "မင်းပြောချင်တာက ဒါကမော့ဖေးလုပ်ထားတာပေါ့?"

စုရုန် ခေါင်းငြိမ့်လိုက်ကာ "သူသန့်စင်ထားတဲ့ ဆေးရည်နှစ်ခုလုံးက ၉၁%သန့်စင်တယ်။ ကြည့်ရတာ မော့ဖေးက တကယ့်ကို တစ်ခုခုပဲ"

လော့ယွီထောက်ခံလိုက်သည် "ဟုတ်တယ်"

အဆင့်နိမ့်မြို့မှာရှိတဲ့ ပုံမှန်မြို့သားတစ်ယောက်က ဆေးပညာရှင်ဖြစ်နေခဲ့တာပဲ။ အဆင့်တစ်ဆေးရည်က လုပ်ဖို့မခက်ခဲပေမဲ့ အဆင့်မြင့် သန့်စင်ခြင်း ဆေးရည်ရဖို့ကတော့ ခက်ခဲသည်။

သူက စန္ဒရာလည်းတီးနိုင်တယ် ။ကျင့်ကြံခြင်း တည်ဆောက်မှုလည်း လုပ်နိုင်တယ် ။ ဆေးရည်လည်းသန့်စင်နိုင်တယ် ။ တော်ဝင်ကြင်ယာတော် နာလန်းက သူ့အတွက် စွယ်စုံကျွမ်းကျင်သူနဲ့ တွဲဖက်ပေးလိုက်တာ တကယ် အံ့ဩစရာပဲ။

"မင်းသား , ကြင်ယာတော်က 'ကောင်းကင်ပြုပြင် ကိုးရွက်ဆေးပင်'က မင်းသားရဲ့ ခန္ဓာကိုယ်ကို ကုသဖို့ ကူညီနိုင်တယ်လို့ပြောခဲ့တယ် ။ အဲ့တာ အမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်" စုရုန်က တွေးဆပြီးတဲ့နောက် ပြောလိုက်သည်။

လော့ယွီက သူ့ခေါင်းကို ခါလိုက်ကာ "ငါ တော်ဝင်ဆေးကျမ်းမှာ ရှာပြီးသွားပြီ။ အဲ့လိုဆေးပင် လုံးဝမရှိဘူး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" စုရုန်က အံ့ဩတွေဝေစွာပြောလိုက်သည်။

တော်ဝင်ဆေးကျမ်းက ရုန်တိုင်းပြည်မှာရှိတဲ့ ရှာတွေ့သမျှ ဆေးပင်တွေအားလုံးရဲ့ အကြောင်းကို ရေးထားလေသည်။ တော်ဝင်ဆေးကျမ်းထဲတောင်မှ မှတ်ယူမထားတဲ့အရာကို မော့ဖေးက ဘယ်လိုလုပ်သိတာလဲ?။ ထူးဆန်းလိုက်တာ။


"ကောင်ချောလေးက ဘယ်မှာလဲ ?။ ကောင်ချောလေးက ဒီမှာ ! ဒီမှာ ! ငါ့ကိုကြည့်လိုက် !"

Toneသေနေတဲ့ မော့ဖေးက မင်းသားယွီရဲ့ ‌စံအိမ်ထဲကို လျှောက်ဝင်လာရင်း သီချင်းညည်းနေလေသည်။ မော့ရီကတော့ နောက်ကနေ နားပိတ်လျက် လိုက်လာလေသည်။

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now