Chapter 3+4

936 123 4
                                    

Chapter 3 ( ဘဝရည်မှန်းချက် )

မော့ရီတစ်ယောက် စိတ်ညစ်စွာနဲ့

" သခင်လေး အခု လင်းကျုံးထွက်ပြေးသွားပြီ။ ငါတို့ဘယ်လိုလုပ်ကြမလဲ ။ "

မော့ဖေးက မပျော်တော့ဘဲ

" ဟင်းပွဲတွေကို ထုတ်လိုက် ပြီးရင် သွားမယ် "

မော့ရီက မော့ဖေးကို မှီလိုက်ပြီး

"သခင်လေး ငါတို့က လင်းမိသားစု စားသောက်ဆိုင်မှာလေ ၊ သူကလဲ အိမ်ပြန်ရောက်လောက်ပြီ ။ ငါတို့ ပိုက်ဆံမရှင်းဘဲ ထွက်သွားသင့်လား ? "

မော့ဖေးက မျက်လုံးလှန်ကြည့်လိုက်ပြီး

"မင်းကိုမင်း ငါ့ထက်တော်တယ်များထင်နေလား။ ဒီ‌ဆိုင်က ဂန်းစတား စားသောက်ဆိုင်လေ ၊ ဟိုမယ်ကြည့် အရပ်ရှည်ရှည် သန်သန်မာမာနဲ့ အစောင့်တွေ ။ စက္ကန့်ပိုင်းတွင်းပဲ ငါတို့မိသွားမယ် ။ ငါတို့ပိုက်ဆံမရှင်းဘဲ ထွက်သွားရင် ဆေးရုံမှာ အဆုံးသတ်သွားလိမ့်မယ် ။ "

ဆေးဖိုးက ဟင်းပွဲတွေထက် ပိုဈေးကြီးတယ်ဟ

" သခင်လေးက အရမ်းတွေးတတ်တာပဲ "

"ဒီခွေးမသားကတော့ ဘယ်လိုတောင် ပြေးသွားရဲတာလဲ ၊ အနည်းဆုံးတော့ တစ်ယောက်တစ်ဝက်ဆီ ရှင်းပေးခဲ့သင့်တယ်"

ငွေရှင်းကောင်တာတွင် ကြယ်ဒဂ်ါး ၃၀၀၀ပေးချေပြီးနောက် မော့ဖေး‌နှလုံးသား သွေးထွက်သွားခဲ့သည် ။

စားသောက်ဆိုင်ကနေ ထွက်လာပြီးနောက် မော့ဖေးသည်စားသောက်ဆိုင် ဆိုင်းဘုတ်ကိုလှည့်ကြည့်ပြီး

"ကျိန်စာတိုက်မယ် ၊ သွေးစုပ်စားသောက်ဆိုင် ။ တစ်နေ့နေ့မှာ ပိုက်ဆံတွေအကုန်ပြောင်ပါစေဗျာ ။ "

မော့ရီတစ်ယောက် သိချင်နေတယ် ။

"သခင်လေးမှာ ကြယ်ဒဂ်ါး ဘယ်လောက်ပဲကျန်လဲ"

မော့ဖေး သုန်သုန်မှုန်မှုန်နဲ့ ဆင်းရဲလက္ခဏာ ပြနေသည် ။

"250"

"ကြယ်ဒဂ်ါး 250 ? သခင်လေး ၊ မင်းအခု ရေတစ်ဘူး‌တောင်မှ မဝယ်နိုင်တော့ဘူး "

မော့ဖေး ကြမ်းပြင်ကို ဆောင့်လိုက်ပြီး

"မင်းပြောမှလား ! ငါ့ကိုယ်ငါ ဆင်းရဲတာက်ု မသိဘူးများထင်နေလား။ သွားမယ် အိမ်ကို "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now