Chapter - 29+30

344 54 6
                                    

Scroll down for Zawji

Chapter-29 ( မေးမြန်းခြင်း )

မင်းသားယွီက မော့ဖေးဆီ လျှောက်လာလေသည်။ သူ့ရဲ့ လွှမ်းမိုးမှု အရှိန်ဟုန်တွေရဲ့အောက်မှာ မော့ဖေး ခြေလှမ်းအနည်းငယ်ကို အနောက်သို့ ဆုတ်လိုက်ရသည်။

“ငါက ကြက်ဆင်နဲ့တူတယ်လို့ မင်းထင်တယ်ပေါ့?”

မော့ဖေးက ကိုးရိုးကားယားနိုင်စွာ ရီလိုက်ရင်း “တကယ်တော့ ကျွန်တော် ကြက်ဆင်နဲ့ မီးတောက်ကျားနဲ့ ကြားမှာ တိမ်းစောင်းသွားတာပါ။ အချိန်တစ်ချို့လောက်အထိ ချိန်ပြီးတဲ့နောက်မှာ ကြက်ဆင်က ပိုပြီးဖော်ရွေတယ် ၊ ပိုပြီးချဉ်းကပ်ရလွယ်တယ် ၊ မင်းသားကိုယှဉ်ပြဖို့ ပိုပြီးသင့်တော်တယ်လို့ ကျွန်တော်ထင်လိုက်တာ ။ မင်းသားမကြိုက်ဘူးဆိုရင် ကျွန်တော်အခုပဲ ပြန်ပြောင်းလိုက်ပါ့မယ်”

လော့ယွီ “……….”

“မင်း ငါ့ကို မင်းတို့အဆောက်အဦးရဲ့ အောက်ထပ်က အဖွားနဲ့ ယှဉ်တာကရော?” လော့ယွီက တွန့်လိမ်နေတဲ့ မျက်နှာနဲ့ မေးလိုက်သည်။

မော့ဖေးက ပြုံးလိုက်ကာ “သူမကို အထင်မသေးပါနဲ့။ သူမလုပ်တဲ့ အဆာပြေမုန့်တွေက အရမ်း အရသာရှိတာ ။ တစ်ယောက်ယောက်က မဝါးဘဲနဲ့ မြိုတောင်ချနိုင်တယ်”

“ငါက ကသိကအောက်နိုင်တယ်လို့ မင်းထင်တယ်ပေါ့?”

မော့ဖေးက ခေါင်းခါလိုက်ကာ “မဟုတ်ပါဘူး ။ကျွန်တော်က အတိသယဝုတ္တိကို သုံးလိုက်တာပါ။ ခင်ဗျားသိပါတယ် ။ စာပေလေ!! ခင်ဗျားအနေနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောရတယ် ။ ခင်ဗျားသာ ဘဝရဲ့ အရမ်းအမှန်တရားတွေကို ရေးရင် အမှတ်မြင့်မြင့်ရမှာမဟုတ်ဘူး”

“အဲ့ဒီ့တော့ မင်းအမှတ်မြင့်လား?” လော့ယွီကလှောင်လိုက်သည်။

မော့ဖေးက နေရခက်စွာ ပြုံးလိုက်ရင်း “ဟုတ်ပြီ ၊ ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ဆရာက ကျွန်တော့ရဲ့ ဆောင်းပါးကို အသိအမှတ်မပြုဘူးထင်ပါတယ်”

လော့ယွီက မျက်လုံးတွေကိုကျဉ်းလိုက်ရင်း ပြုံးလိုက်သည် “ငါအခု ဘာကိုအလုပ်ချင်ဆုံးလဲဆိုတာ မင်းသိလား?”

ကျွန်တော့ရဲ့ လူလည်လေး{Translation}Donde viven las historias. Descúbrelo ahora