Chapter 25+26

370 65 2
                                    

Unicode

Chapter - 25 ( ဉာဏ်မမှီလေသော )

စုရုန်က မော့ဖေးကို ကြည့်ကာ

" သခင်လေး မော့ဖေး, စာသင်နှစ်စရင် နေရာချပေးဖို့ စစ်ဆေးပွဲ ရှိပါတယ် ။ အဲ့ဒီ့အတွက် သခင်လေး ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ လိုအပ်ပါတယ် "

မော့ဖေး တော်တော်လေး ရှုပ်ထွေးသွားကာ

" ဘာကြီး ? စာသင်နှစ်စမှာ စစ်ဆေးပွဲ ? ဒါကြီးက အကြင်နာမဲ့ပြီး လူမဆန်တာပဲ "

စုရုန်ပြုံးပြလိုက်သည် ။

" ဒီဟာက အင်ပါယာကောလိပ်ရဲ့ ရိုးရာပါပဲ။ သခင်လေး မော့ဖေး နောက်‌မှာ စာမေးပွဲကို ဘယ်လို အောင်‌သွားအောင် လုပ်ရမလဲဆိုတာကို အဖြေရှာထားတာ ပိုကောင်းပါမယ် "

မော့ဖေး " .......... "

လော့ယွီက မော့ဖေးကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

"ငါ့ကို သရေဖျက်ဖို့ အမှတ်နိမ့်တွေ ရနေတုန်းပဲဆိုလို့ကတော့ ငါမင်းကို လည်းပင်းညှစ်သတ်ပေးမယ် "

မော့ဖေးက လော့ယွီကို လေးတွဲစွာကြည့်လိုက်ကာ

" အရှင်မင်းသား , လူတွေကို လည်ပင်းညှစ်သတ်တာ ဥပဒေကို ဆန့်ကျင်တယ်နော် ။ ဒါ့အပြင် အရှင်မင်းသားရဲ့ စေ့စပ်ထားတဲ့ မိန်းမ သုံးယောက်လုံး သေပြီးပြီ ။ ကျွန်တော်သာ သေရင် ခင်ဗျားရဲ့ Jimbookနဲ့ တစ်ခြားစီဖြစ်နေပြီး အသက်စွမ်းအား အရမ်းသန်မာတဲ့သူဖြစ်တဲ့ ကျွန်တော်က အရှင်မင်းသားကိုမဖိနှိပ်နိုင်ဆဲဆိုတာ လူတွေသိရင် အရှင်မင်းသားနဲ့ လက်ထပ်မဲ့သူမရှိဘဲ တစ်ဘဝလုံး တစ်ယောက်တည်း နေသွားရမှာကို ကြောက်မိပါရဲ့ဗျာ "

လော့ယွီ " ......... "

စုရုန် " ......... "

ရုတ်တရက် စူးရှတဲ့ အသံကြားလိုက်ရသည် ။ သူတို့ကားက ဆူဆူညံညံနဲ့ အောက်ကိုဆင်းနေတာပဲ ! မော့ဖေးက နားကိုအုပ်ထားရင်း အော်လိုက်သည် ။

အဲ့‌ဒီ့နောက်မှာ ‌ကားက မြေပြင်ပေါ်ကို တည်ငြိမ်စွာပဲ ရပ်လိုက်သည် ။ လော့ယွီက မော့ဖေးကို အေးစက်စွာ ဖျက်ခနဲကြည့်လိုက်ရင်း

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now