Chapter-13 + 14

656 121 13
                                    

Chapter-13 ( သဝန်တိုသည်ဟုခေါ်သည် )

လော့ယွီ ထွက်သွားပြီးတဲ့နောက်မှာတော့ မော့ဖေးဟာ စိတ်သက်သာရာ ရသွားခဲ့သည်။

မော့ဖေးက လေးတွဲ့စွာ ပြောလိုက်သည် " Oh! Fuck ! နောက်ဆုံးတော့ သူထွက်သွားပြီ ။ သူကချစ်ဖို့ကောင်းတယ် ? အဲ့တော့ဘာဖြစ်လဲ ? သူ့ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မျက်နှာကိုကြည့်လိုက်စမ်း "

မော့ရီက မျက်တောင်ခတ်ကာ ပြောလိုက်သည် " သခင်လေး အိုးရန်ကို အဲ့လောက် နင့်နင့်နဲနဲချစ်မှန်း ကျွန်တော်တစ်ခါမှ မသိခဲ့ဘူး ။ အဲ့တာကြောင့် စေ့စပ်ပွဲ ၁၆ခုလုံးကို ငြင်းခဲ့တာပေါ့ ! "

မော့ဖေးက အကြည့်တစ်ချက်ပေးလိုက်သည် " မင်းကိုဘယ်သူပြောလဲ ? ငါ့ကို ကောက်ကြောင်း‌လေးနဲ့ မိန်မလှလေးကို အဲ့ကျားမရှာပေးရင်တော့ ငါကချက်ချင်းကို သဘောတူလိုက်မှာ ဒါမဲ့ ကြည့်လိုက်စမ်း ငါ့ကိုမိတ်ဆက်ပေးထားတဲ့လူတွေကို ? ဟမ် ! ရုပ်ဆိုးတဲ့ယောက်ျားတစ်သိုက် !! သူတို့တွေထဲက တစ်ယောက်နဲ့ ငါဘယ်လိုလက်ထပ်ရမလဲ ! "

မော့ရီဟာ ခေါင်းကိုစောင်းကာ ပြောလိုက်သည် " အဲ့တာဆိုဘာလို့ မင်းသားယွီကိုအဲ့လိုပြောလိုက်တာလဲ "

မော့ဖေးက နှာခေါင်းကိုပွတ်ရင်းပြောလိုက်သည် " ငါသူ့ကိုသဘောမကျဘူး ၊ ဒါကြောင့် သူသဝန်တိုအောင် ငါလုပ်ချင်လို့ "

( T/N - ယူတောင်မယူရသေးဘူး မာယာများပြီ 🥲 )

မော့ရီက ကိုးကွယ်ချင်သော မျက်လုံးအစုံဖြင့် မော့ဖေးအားကြည့်လိုက်သည် " သခင်လေးအဲ့တာ မင်းသားယွီနော် ‌ကျွန်တော်တောင်းဆိုပါတယ် "

မော့ဖေးက အိပ်ချင်မူတူးဖြင့် " ဒါပေါ့ မင်းတောင်းဆိုတာ လက်ခံပါတယ် ၊ ငါကဘယ်သူလဲ ? ဟမ် ? ငါပါးစပ်ဆေးချင်လို့ ရေတစ်ခွက်လောက်ပေးပါဦး ငါဒီနေ့ နူးညံ့တဲ့စကားတွေ ပြောရတာ အရမ်းများသွားတယ် ။ ငါ့တစ်ကိုလုံး ကြက်သီးကိုထသွားတာပဲ "

မော့ရီက ချက်ချင်း ရေတစ်ခွက် ကမ်းပေးလိုက်သည် ။အဲ့အချိန်မှာပဲ စားပွဲထိုးက တံခါးခေါက်ကာ အခန်းထဲဝင်လာလေသည်။

မော့ဖေးက မျက်တောင်ခတ်ကာပြောလိုက်သည် " ပြသနာရှိလို့လား ? "

ကျွန်တော့ရဲ့ လူလည်လေး{Translation}Where stories live. Discover now