Inscription
"ကိုယ်က မင်းအနားမှာ အချစ်တွေ စိတ်ပျက်စရာတွေနဲ့ပဲ အမြဲတရစ်ရစ်ဝဲနေမိတယ် ...
နောက်ဆုံးတော့ ကိုယ်ရပ်တန့်ပစ်လိုက်တော့မယ်
မင်းအတွက် အချစ်ဆိုတာ ရှိပါသေးတယ်၊
ဒါပေမယ့်စိတ်မပူပါနဲ့...
ကိုယ်မင်းကိုထပ်ပြီးမနှောက်ယှက်တော့ပါဘူး။ "
"မင်းထွက်သွားတာက ငါ့ကို ပျော်စေနိုင်လောက်မယ်လို့ထင်ခဲ့တာ..
မထင်မှတ်ထားမိတာက အဆုံးသတ်မှာ ငါလက်မလွှတ်နိုင်ခဲ့ဘူးပဲ
တဖြည်းဖြည်း သိလာရတာ မင်းကငါ့ရဲ့ မှီခိုရာလေးပဲ
မင်းငါ့ကိုချစ်သေးရင်
မင်းပြန်လာတဲ့အထိ ငါစောင့်နေမယ်..။ "
--------------------------------------
C1
"Huang Minghao မင်းကိုယ့်ကိုချစ်လား"
Fan Chengcheng ကသူ့ရဲ့စိတ်လှုပ်ရှားနေတဲ့အသံလေးနဲ့ မေးလိုက်တယ်။
Huang Minghao ကစိတ်မရှည်သလိုပုံနဲ့ မျက်မှောင်ကြုတ်လိုက်မိတယ်၊ Fan Chengcheng ဒီမေးခွန်းကို နည်းနည်းလေးတောင် စိတ်မထင့်ပဲသူ့ကိုမေးတာ ဘယ်နှခေါက်ရှိမှန်းတောင် မသိတော့ဘူး ဒါကတကယ်နားလည်လွယ်နေတာပဲလေ၊ Fan Chengcheng ကသူ့ကိုဘာလို့ဒီမေးခွန်းပဲ ဆက်တိုက်မေးနေလဲဆိုတာကို သူတကယ်ပဲနားမလည်နိုင်တော့ဘူး။
"အဲ့တာက တကယ်ကို သိသာနေတာပဲမလား "
Huang Minghaoကအရင်ကလို အရေးမစိုက်တဲ့အသံနဲ့ပဲပြန်ဖြေတယ်။
"...ဟုတ်တာပေါ့ "
Fan Chengcheng ကသူ့ခေါင်းကိုငုံ့ပြီး ခါးသက်သက်ပြုံး လိုက်မိတယ်။
မင်း ဒီအဖြေကို သိနေတာပဲမလား...
"ဒါဆို မင်းကိုယ့်ကိုချစ်လာမှာလား" ဖန့်ချန်ချန်းသူ့ပါးစပ်တွေဖွင့်ဖို့တောင်စိတ်မပါတော့ဘူး။
"ဟင့်အင်း"
Huang Minghao ရဲ့ ပထမအဖြေက Fan Chengcheng ရဲ့နှလုံးသားကို ဓါးသွားနဲ့ ခွဲနေတာဆိုရင် ဒီ"ဟင့်အင်း" ဆိုတာက သူ့နှလုံးသားအနက်တစ်နေရာထိ နစ်ဝင်သွားတဲ့ဓါးလိုပဲ ။
BẠN ĐANG ĐỌC
Shut Down《停摆》- Chengstin | Myanmar Translation
Fanfiction"ကိုယ်ရပ်တန့်ပစ်ဖို့ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်နေတဲ့ အချိန်တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapter - 34 (+4 Extras) Original Author : 忘川羨 (Wang Chuanxian) on Lofter Characters: Fan ChengCheng & Hu...