C3
Fan ChengCheng ကအဝတ်အစားလဲပြီးအပြင်ကိုသီချင်းလေးညည်းရင်းထွက်သွားတယ်။
ဖေဖော်ဝါရီလအစပိုင်းရဲ့လေအေးအေးကသူ့ရဲ့မျက်နှာလေးကိုမညှာမတာနဲ့လာရိုက်ခတ်နေပေမယ့် Fan ChengCheng ရဲ့ပျော်နေတဲ့စိတ်အခြေအနေကိုတော့နည်းနည်းလေးမှသက်ရောက်မှုမရှိပါဘူး။
Huang Minghao နဲ့တူတူစားခဲ့တဲ့ကျေနပ်စရာမနက်စာစားချိန်လေးကသူ့ကိုတစ်နေ့လုံးပျော်နေအောင်တောင်ထားနိုင်တယ် မနက်က Huang Minghao နဲ့သူနဲ့ကြားမှာတိတ်တိတ်ဆိတ်ဆိတ်ရှိနေလို့တအားကိုထူးဆန်းနေတယ် သူတို့ကြားမှာမနက်ကလိုသင့်သင့်မြတ်မြတ်စကားစမြည်ပြောတာတအားကိုရှားတာပဲလေ။
ဒါကပြောင်းလဲမှုတစ်ခုပဲမလား?
Huang Minghao ရဲ့သဘောထားကပြောင်းသွားတာလေ။
ဒါမှမဟုတ်လည်း...
သူ့ရဲ့ဒီနေ့ပျော်နေတဲ့စိတ်ကြောင့်ပဲဖြစ်မှာပါ။
မေ့လိုက်စမ်းပါ မင်းတွေးလေမင်းနှလုံးသားပဲနာကျင်ရလေဖြစ်မှာ။
မင်းမျှော်လင့်ချက်မထားရင် မင်းစိတ်ပျက်ရတော့မှာလည်းမဟုတ်ဘူး..။
Fan ChengCheng ကစူပါမားကတ်ထဲကိုဝင်ပြီးလိုတာလေးတွေဝယ်လိုက်တယ်။
အနက်ရောင်သိုးမွေးအင်္ကျီအိတ်ကပ်ထဲလက်နှစ်ဖက်လုံးထည့်ထားရင်း နားထဲမှာလည်းနားကြပ်လေးတပ်ထားတယ် နေရောင်ခြည်တန်းအလင်းရောင်လေးကပြုံးနေတဲ့သူ့ရဲ့မျက်နှာပေါ်ကိုနွေးနွေးထွေးထွေးလေးကျရောက်နေတယ်။
Fan ChengCheng စျေးဝယ်ပြီးထွက်လာတော့နာရီကိုကြည့်လိုက်တယ် နေ့လည်စာစားချိန်မရောက်သေးဘူးပဲ..သူချက်ချင်းပဲကုမ္ပဏီကိုသွားပြီး ဟွမ်မင်ဟောင်နဲ့နေ့လည်စာစားဖို့ဆုံးဖြတ်လိုက်တယ်။
ပြန်လှည့်ပြီးကုမ္ပဏီကိုလျှောက်သွားတဲ့အချိန်ပဲ ဖန့်ချန်ချန်းလမ်းကြားလေးတစ်ခုကိုအမှတ်မထင်တွေ့မိလိုက်တယ် Fan ChengCheng ရဲ့သိချင်စိတ်တွေကြောင့်ပဲ သူလမ်းကြားထဲကိုဝင်လျှောက်သွားပြီး လမ်းဆုံးတော့တွေ့လိုက်ရတာက စန္ဒယားဆိုင်လေးတစ်ခု။
YOU ARE READING
Shut Down《停摆》- Chengstin | Myanmar Translation
Fanfiction"ကိုယ်ရပ်တန့်ပစ်ဖို့ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်နေတဲ့ အချိန်တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapter - 34 (+4 Extras) Original Author : 忘川羨 (Wang Chuanxian) on Lofter Characters: Fan ChengCheng & Hu...