Part 7(Unicode)

550 84 1
                                    


C7

တိုင်ကပ်နာရီကဘယ်ညာယမ်း​နေရင်းပဲအချိန်​တွေကုန်သွားတယ် ​အေးမြတဲ့အဖြူ​ရောင်လ​ရောင်က​မြေ​ပေါ်ကိုအလင်း​ရောင်​တွေကျ​နေတယ်။

ဘာလို့ဖန့်ချန်ချန်းပြန်မလာ​သေးတာလဲ ရွှီရှန်းအန်နဲ့ဘယ်​တွေသွား​နေရတာလဲ သူညဥ့်နက်တဲ့အထိပြန်မလာ​သေးရင်​ရော? ဟွမ်မင်​ဟောင်ကဧည့်ခန်းထဲမှာစိတ်တိုတိုနဲ့အ​ရှေ့အ​နောက်​လျှောက်​နေမိတယ်။

တကယ်ဆိုသူဘာလို့ဖန့်ချန်ချန်းကိုဘာလို့စိတ်ပူ​နေတာလဲသူလည်းနားမလည်​တော့ဘူး အခန်းကိုပြန်ပြီးအိပ်လို့ရ​နေတာပဲကို သူ့ကိုယ်သူအပူရှာမိ​နေသလိုပဲ။

ဒါ​ပေမယ့်ဖန့်ချန်ချန်းပြန်မလာသ​ရွေ့ သွားအိပ်လည်းသူအိပ်​ပျော်မှာမဟုတ်ဘူး။

ဟွမ်မင်​ဟောင်စိတ်တိုတိုနဲ့သူ့လက်ကိုကိုက်​နေတဲ့အချိန်ပဲ တံခါးဘဲလ်သံမြည်လာတယ်။

မူး​နေတဲ့ဖန့်ချန်ချန်းကိုမှုန်မှိုင်း​နေတဲ့အမူအရာနဲ့"​ဒုက္ခပဲ"လို့​ရွှီရှန့်အန်ဆီကတွဲ​ခေါ်လိုက်ရင်းဟွမ်မင်​ဟောင်​ပြောလိုက်ပြီး ဧည့်သည်ကိုပြန်ခိုင်းလိုက်တယ် ဘာလို့လဲမသိ​ပေမယ့် ရွှီရှန့်အန်ကသူ့စကားသုံးလုံးကြားက​အံ့ကြိတ်သံကိုကြားလိုက်ရမယ်လို့ထင်တာပဲ။

ဖန့်ချန်ချန်းရဲ့လက်​မောင်းတစ်ဖက်ကဟွမ်မင်​ဟောင့်လည်တိုင်ကိုဖက်ထားပြီး သူ့ရဲ့ခန္ဓါကိုယ်တစ်ဝက်​လောက်ကိုဟွမ်မင်​ဟောင်ကကူတွဲ​ပေးထားရတယ်။

ဟွမ်မင်​ဟောင်ကမျက်နှာကနီရဲ​နေပြီးဟန်​ဆောင်အပြုံး​တွေပြုံး​နေတဲ့ဖန့်ချန်ချန်းကိုကြည့်ရင်းတစ်ချိန်းလုံးစိတ်တို​နေတာ​​တွေတောင်တစ်ဝက်​လောက်​လျော့သွားတယ်။

သူဘာလို့ခုနက​ဒေါသထွက်​နေတာလဲ​တောင်သူမသိဘူး။

ဟွမ်မင်​ဟောင်ကသူ့ကိုဆိုဖာ​ပေါ်တင်​ပေးလိုက်ပြီး ဖန့်ချန်ချန်းကို​စောင်သွားယူ​ပေးဖို့အလုပ်မှာပဲ သူ့ခါးက​နေဆွဲခံလိုက်ရတယ်။

"အိုး..​ဟောင်​ဟောင်ပဲ...ငါ့အချစ်ဆုံး​ဟောင်​ဟောင်​လေး..ဟီးဟီး.."ဖန့်ချန်ချန်းကဟွမ်မင်​ဟောင့်ကိုသူ့လက်​မောင်း​တွေကြားဆွဲလိုက်ပြီး သူ့လက်​တွေနဲ့ဟွမ်မင်​ဟောင့်မျက်နှာ​လေးကိုထိုးလိုက်ရင်းပြုံးလိုက်တယ် ဟွမ်မင်​ဟောင့်နှလုံးသားရုတ်တရက်တုန်လာပြီးသူ့စိတ်​တွေလည်းရှုပ်​ထွေးသွားတယ်။

Shut Down《停摆》- Chengstin | Myanmar TranslationKde žijí příběhy. Začni objevovat