Part 28

590 76 0
                                    


C28

ဖန့်ချန်ချန်းကသူ့ကုမ္ပဏီကိုစိတ်ပျက်ပျက်နဲ့ပြန်သွားတယ် "​နောက်ရက်ကျရင်မင်းကိုညစာစားဖို့ဖိတ်လိုက်မယ်?" ဟွမ်မင်​ဟောင့်ရဲ့ ညစာစားဖို့ဖိတ်တာလိုချင်တာမဟုတ်ဘူး

ဟွမ်မင်​ဟောင်ဝန်ခံတာကိုလိုချင်တာ။

ဟွမ်မင်​ဟောင်က"နောက်ရက်ကျရင်မင်းကိုညစာစားဖို့ဖိတ်လိုက်မယ်"လို့​ပြောခဲ့မိတာကို​နောင်တရ​နေမိတယ်။

ဟွမ်မင်​ဟောင် မင်းမှာဦး​နှောက်​ရောရှိ​သေးရဲ့လား! ဖန့်ချန်ချန်းနဲ့နှစ်​ယောက်ထဲရှိတဲ့အချိန်မှာ​တောင် သူကဘာ​ပြောစရာရှိလဲ​မေးတာကို​လေ! မင်းကဝက်ဦး​နှောက်လား? နောက်ရက်ကျရင်မင်းကိုညစာစားဖို့ဖိတ်လိုက်မယ်လို့​ပြောလိုက်တယ်​ပေါ့​လေ?

ပြီး​​တော့ရွှီရှန်းအန်​ရောKane​ရောမရှိတဲ့နှစ်​ယောက်တည်းအချိန်မှာမင်း​ပြောချင်တာ​တွေဘာလို့မ​ပြောလိုက်တာလဲ!!အခွင့်အ​ရေး​ကောင်းကိုမင်းလက်လွှတ်လိုက်ရတာပဲ!ဟွမ်မင်​ဟောင်မင်းကတကယ်ဝက်ပဲ!

ကား​ပေါ်ကဆင်းလာတာနဲ့ဟွမ်မင်​ဟောင်သူ့ကိုယ်သူစိတ်ပျက်ပျက်နဲ့ဆူ​နေမိတယ်။

ဒါ​ပေမယ့်ဒီထက်မြက်တဲ့ဝမ်ကျိုးသား​လေးက​နောက်ထပ်အခွင့်အ​ရေးတစ်ခုကိုချက်ချင်းဖမ်းမိလိုက်တာပဲ။

ညစာစားဖို့ဖိတ်လိုက်ရင်... ဒါကပို​ကောင်းတဲ့အခွင့်အ​ရေးတစ်ခုပဲ!ဟွမ်မင်​ဟောင်,မင်းတအား​တော်တယ်!!

သူ့ကိုယ်သူအခု​လေးတင်ဆူ​နေမိတာကို​တောင်လုံးဝ​မေ့သွားတယ်။

ဖန့်ချန်ချန်းကသူ့ရုံးခန်းထဲပြန်​ရောက်​တော့ သူအလုပ်လုပ်ချင်စိတ်မရှိ​တော့ဘူး။

မ​နေ့ညကဟွမ်မင်​ဟောင့်စကားလုံး​တွေ​ကြောင့် သူရင်ခုန်သံ​တွေကိုငြိမ်ငြိမ်မထားနိုင်​တော့ဘူး။

ဟွမ်မင်​ဟောင်ကသူ့ကိုချစ်တယ်တဲ့...

ဖန့်ချန်ချန်း​တွေးရင်းနဲ့​တောင်မယုံနိုင်ဖြစ်​နေတယ်။

ငါအရင်တုန်းကသူ့ကိုအမြဲ​မေး​နေခဲ့ရတာ "မင်းငါ့ကိုချစ်လာမလား?"လို့။

Shut Down《停摆》- Chengstin | Myanmar TranslationDonde viven las historias. Descúbrelo ahora