Part 8(Unicode)

546 90 5
                                    


C8

"အစ်ကို ဘာကိစ္စရှိလို့လဲ?" ဟွမ်မင်​ဟောင့်အတွက်ဟင်းချက်​ပေး​နေတဲ့ဖန့်ချန်ချန်းကိုရွှီရှန်းအန်ကဖုန်းဆက်လာတယ်။

သူကဖုန်းက​နေပဲ​ပြောချင်​​ပေမယ့်ရွှီရှန့်အန်ရဲ့အသံကတည်ငြိမ်​နေပြီးလူချင်း​တွေ့ပြီး​ပြောတာ​ပို​ကောင်းမယ်ဆိုလို့အရင်တစ်​ခေါက်ကထိုင်တဲ့ဘားမှာသူတို့သွား​တွေ့ကြတယ်။

ပြီး​တော့, ဟွမ်မင်​ဟောင့်အတွက်ဟင်းချက်​ပေးရင်လည်း သူကစားမှာမှမဟုတ်ပဲ..။

"ချန်အာ,ကျုကျန်းထင်က...."ရွှီရှန်းအန်ကသူ​ပြောရမလားမ​ပြောရမလားတွန့်ဆုတ်​​နေတယ်။

ဖန့်ချန်ချန်းသိသွားရင်သူဘယ်လိုဖြစ်သွားမလဲသူမသိဘူးဒါ​ပေမယ့်ဖန့်ချန်ချန်းရဲ့မိသားစုဝင်တစ်​ယောက်ရဲ့တုံ့ပြန်မှုကို​တော့သိ​နေတယ်။

"ကျန်းထင်ကဘာဖြစ်လို့လဲ အစ်ကိုဒီလို​ပြောဖူးတာမ​တွေ့ဖူးဘူး ဘာကိစ္စဖြစ်လို့လဲ?" ဖန့်ချန်ချန်းကရွှီရှန်းအန်မျက်နှာအမူအရာကိုကြည့်ရင်းပိုပိုပြီးသိချင်လာတယ် ဘယ်လိုအရာ​တွေကများတိကျပြတ်သားတဲ့ရွှီရှန်းအန်ကိုတွန့်ဆုတ်တွန့်ဆုတ်ဖြစ်​နေ​စေတာလဲ?

"ကျုကျန်းထင်မှာ​ကောင်​လေးရှိတယ်တဲ့ ပြီး​တော့သူတို့နှစ်​ယောက်ကကျုကျန်းထင်​မွေး​နေ့မှာ​စေ့စပ်ပွဲလည်းလုပ်လိမ့်မယ်​တဲ့ " ရွှီရှန်းအန်ကအသက်ရှူမရပ်ပဲအဆုံးထိအကုန်​ပြောလိုက်တယ် ဖန့်ချန်ချန်းကိုကြည့်လိုက်​တော့သူ့အမူအရာ​တွေကသိချင်စိတ်​တွေက​နေတည်ငြိမ်သွားသလိုပဲ။

"အစ်ကို ဒါကိုဘယ်က​နေသိတာလဲ? " အကြာကြီးတိတ်ဆိတ်​နေရာက​နေဖန့်ချန်ချန်း​ဖြည်းဖြည်းချင်း​မေးလိုက်တယ်။

ဒီသတင်းသာအမှန်ဆို သူဟွမ်မင်​ဟောင့်ကို​ပြောပြသင့်လား..

ဟွမ်မင်​ဟောင်သိရင် သူဘာလုပ်မလဲ? ကျုကျန်းထင်ကိုဆွဲထားဖို့မင်းကိုထားခဲ့မှာမလား?

ဒါမှမဟုတ်... ထားလိုက်စမ်းပါ မ​တွေးနဲ့​တော့။

"ငါ့အ​မေ​​ပြော​နေတာကြားလိုက်တာ သူဒီ​နေ့မနက်ကကျိုးအ​ဒေါ်နဲ့ဖုန်း​ပြော​နေရင်းငါကြားလိုက်တာ"

Shut Down《停摆》- Chengstin | Myanmar TranslationTahanan ng mga kuwento. Tumuklas ngayon