Part 14

576 87 3
                                    


C14

ဟွမ်မင်​ဟောင်ကသူ့နှုတ်ခမ်း​တွေကိုသူ့လက်အ​နောက်ဖက်နဲ့ကြမ်းကြမ်းတမ်းတမ်းပွတ်ပစ်ပြီးဖန့်ချန်ချန်းချန်ထားတဲ့အ​ငွေ့အသက်​တွေအကုန်လုံးဖယ်ဖို့ကြိုးစားလိုက်တယ်။

ဖန့်ချန်ချန်းမင်းစည်းမ​​ကျော်လာသင့်ဘူး။

ဟွမ်မင်​ဟောင်ကကစားကွင်းကထွက်လာတာနဲ့အိမ်ကိုတန်းပြန်သွားလိုက်တယ်။

ဒီအချိန်မှာ​တော့ဟွမ်မင်​ဟောင်သူ့လက်ဖဝါးနဲ့စကားလုံး​တွေကဖန့်ချန်ချန်းကိုဘယ်​လောက်ထိနာကျင်သွား​စေလည်းလုံးဝမသိဘူး ဟွမ်မင်​ဟောင်ကဖန့်ချန်ချန်းရဲ့စည်း​ကျော်လာတဲ့အနမ်း​ကြောင့် ,ကျုကျန်းထင်အ​ကြောင်း​တွေးတိုင်းစိတ်မ​ကောင်းဖြစ်မိတာ​ကြောင့်,သူကိုယ်တိုင်ဖန့်ချန်ချန်းရဲ့ယုယမှု​တွေ​အောက်​ပျော်ဝင်သွား​တော့မယ့်သူ့​ကို​ဒေါသထွက်တာ။

ဖန့်ချန်ချန်းမင်းငါ့ကိုဘာလို့ခဏခဏလှုပ်ခါ​နေရတာလဲ?

ရဟတ်တွဲ​ပေါ်ကျန်ခဲ့တဲ့ဖန့်ချန်ချန်းက​တော့ကြမ်းပြင်​ပေါ်ကငါးကိုရှင်းလင်း​နေတယ် ​တောင်းပန်ပြီးတဲ့​နောက်ပဲသူလည်းကစားကွင်းကထွက်လာလိုက်တယ်။

5%ပဲကျန်​တော့တဲ့သူ့ဖုန်းအားကိုအခွင့်​ကောင်းယူလိုက်ပြီးရွှီရှန်းအန်ဆီဖုန်းဆက်လိုက်ပြီးသူ့ကိုလာ​ခေါ်ဖို့​ပြောလိုက်တယ် လမ်း​ဘေးကကုန်စုံဆိုင်ထဲဝင်ရင်းဘီယာနှစ်ဘူးဝယ်လိုက်ပြီးလမ်း​ဘေးမှာထိုင်​စောင့်​နေလိုက်တယ်။

ဘီယာတစ်ဘူးက​အောက်​ခြေကို​ရောက်သွား​တော့ ဖန့်ချန်ချန်းသူ့​ခေါင်းကိုငုံ့ချလိုက်ပြီး​နောက်တစ်ဘူးကိုထပ်ဖွင့်လိုက်တယ်။

​ကောင်းကင်​ပေါ်​မော့ကြည့်လိုက်​တော့ လ ကသူ့မျက်နှာကိုပြည့်ပြည့်ဝဝပြ​နေတယ်။

ဟွမ်မင်​ဟောင်ကသူ့​နေ​ရောင်ခြည်​လေး ဒါ​ပေမယ့်ည​ရောက်ပြီး​မှောင်လာ​တော့သူ့ရဲ့​နေ​ရောင်ခြည်​လေးကိုဆက်မ​တွေ့ရ​တော့ဘူး။

ဟွမ်မင်​ဟောင်ကသူ့ရဲ့ cinnabar mole​လေးဒါ​ပေမယ့် သူ့ရင်ထဲက cinnabar mole​လေးက​ဟောင်းနွမ်းသွားပုံပဲ။
(cinnabar moleကသူတို့တရုတ်မှာဆိုချစ်သူ​အချင်းချင်းဆုံ​တွေ့ခွင့်ရတဲ့ကံကြမ္မာကိုမြတ်နိုး​ကြောင်းပြတဲ့အ​နေနဲ့တက်တူးအမှတ်အသားဆင်တူ​လေး​တွေထိုးတာလည်းရှိပါတယ် ဒီမှာက​တော့သူ့ရဲ့​မွေးရာပါကံကြမ္မာ​လေးလို့​ပြောချင်တာ)

Shut Down《停摆》- Chengstin | Myanmar TranslationWhere stories live. Discover now