Part 33

563 74 2
                                    


C 33

ဖန့်ချန်ချန်းရဲ့စကား​တွေကြား​တော့ဟွမ်မင်​ဟောင့်ရင်ထဲကစိုးရိမ်စိတ်​တွေ​ပျောက်သွားပြီး ဖန့်ချန်ချန်းကိုပြုံးပြလိုက်တယ်။

"မျက်နှာသွားသစ်လိုက်ဦး ​နေ့လည်စာကခဏ​နေရ​တော့မယ်" ဖန့်ချန်ချန်းက​ခေါင်းငုံ့ပြီးဟွမ်မင်​ဟောင့်ကိုနမ်းလိုက်​တယ် သူ့လက်​မောင်း​တွေကြားကလူကချက်ချင်းနီရဲလာတာ​တွေ့​တော့သူ့နှုတ်ခမ်း​ထောင့်​တွေကနက်နက်ရှိုင်းရှိုင်းပြုံးမိသွားတယ်။

"အင်း.." ဟွမ်မင်​ဟောင်ကဖန့်ချန်ချန်းလက်​တွေကြားထဲကထွက်လာပြီး​ရေချိုးခန်းကိုသွားဖို့ပြင်လိုက်တယ်။

ဖန့်ချန်ချန်းကဒီလိုလူကိုရင်ခုန်​အောင်လုပ်တဲ့​နေရာမှာ​တော်တယ်ဆိုတာသူဘာလို့​စော​စောမသိခဲ့ရတာလဲ?

"ဟွမ်မင်​ဟောင်,ရပ်လိုက် " ဖန့်ချန်ချန်းအသံကရုတ်တရက်တိမ်ဝင်သွားတယ်။

"ဟမ်...ဘာလဲ..." ဟွမ်မင်​ဟောင်ကခဏ​လောက်ရပ်သွားပြီးဖန့်ချန်ချန်းသူ့ဆီ​လျှောက်လာ​နေတာကိုလှည့်ကြည့်မိလိုက်တယ်။

သူ့မျက်နှာနီနီကြီးဖန့်ချန်ချန်းမြင်သွားပြီမလား..

"ဘာလို့ဖိနပ်​တွေမစီးထားတာလဲ မင်းအ​အေးမိရင်ဘယ်လိုလုပ်မလဲ?" ဖန့်ချန်ချန်းကမျက်​မှောင်ကြုပ်လိုက်ပြီး ဟွမ်မင်​ဟောင့်ကိုဖက်ထားလိုက်တယ်။

ဟွမ်မင်​ဟောင်ကသူ့​ခြေ​ထောက်​တွေကိုဖန့်ချန်ချန်းခါးမှာချိတ်ထားလိုက်ပြီးသူ့လက်​တွေကိုဖန့်ချန်ချန်းလည်တိုင်နားမှာပတ်တင်ထားလိုက်တယ်။

"ဖိနပ်မစီးလို့မင်းဆီကချီခံရမှန်းသာသိရင် ငါ​ခြေအိတ်​တောင်ဝတ်မလာပါဘူး" အခု​လေး​တင်မျက်နှာ​တွေနီရဲ​နေတဲ့ဟွမ်မင်​ဟောင်ကကြာကြာမခံ​တော့ပဲပြုံး​နေမိတယ်။

ဖန့်ချန်ချန်းဆီကချီခံရတာကိုသူတကယ်ကြိုက်တာ။

မင်းချစ်တဲ့သူကမင်းကိုကမ္ဘာကြီးတစ်ခုလိုဂရုစိုက်သလိုမျိုး...နည်းလမ်းမျိုးစုံနဲ့အလိုလိုက်​ပေးပြီးမင်းကိုလည်းဘယ်​တော့မှလက်လွှတ်နိုင်မှာမဟုတ်ဘူး။

Shut Down《停摆》- Chengstin | Myanmar TranslationWhere stories live. Discover now