Part 20

585 85 0
                                    


C20

ဟွမ်မင်​ဟောင်သူဘယ်​လောက်ကြာကြာငိုခဲ့သလဲ​တောင်မသိ​တော့ဘူး သူအိပ်​ပျော်သွားပြီးနိုးလာ​တော့သူ့အိပ်ယာထဲမှာပဲ။

ကျုကျန်းထင်နဲ့တခြားသူ​တွေသူ့ကိုပြန်ပို့ထား​ပေးတာ​နေမယ်။

သူ့​ခေါင်းထဲကနာကျင်မှု​တွေ​ရော သူ့မျက်လုံးထဲကနာကျင်​​နေတာကိုပါခံစားလိုက်ရတယ် သူ့နှလုံးသားက​တော့ပိုနာ​နေတယ်။

ဟွမ်မင်​ဟောင်မျက်​တောင်တစ်ချက်ခတ်လိုက်ပြီးမျက်နှာကျက်ကို​တွေ​ဝေပြီးစိုက်ကြည့်​နေလိုက်တယ်။

သူဘယ်ကိုကြည့်ကြည့်ဖန့်ချန်ချန်းရဲ့ပုံရိပ်​တွေကိုသူ့အ​ရှေ့မှာမြင်​ယောင်​နေတယ်။

သူ့ကိုဟင်းချက်​ပေး​နေတုန်းပြုံးပြ​နေတာ​တွေ။

ဖန့်ချန်ချန်းသူ့ကိုမ​ကျေမနပ်ကြည့်တဲ့ပုံစံ​တွေ။

ဖန့်ချန်ချန်းရဲ့ဒဏ်ရာ​တွေအပြည့်နဲ့မျက်လုံး​တွေ။

ဖန့်ချန်ချန်းသူအင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်သွား​အောင်ညင်ညင်သာသာကူ​ဝတ်ပေး​နေခဲ့တာ​တွေ။

ပြီး​တော့...

ဖန်ချန်ချန်းရဲ့စိတ်ဝင်စားမှုမရှိတဲ့အကြည့်နဲ့ကြည့်ခဲ့တဲ့ပုံစံကို​ရော။

ဖန့်ချန်ချန်း...တစ်ည​တောင်ရှိသွားပြီ​လေ...မင်းပြန်မလာ​သေးဘူးလား? ရွှီရှန်းအန်ဆီသွား​နေပြန်ပြီလား? ငါစိတ်မဆိုး​တော့ပါဘူး,အိမ်မြန်မြန်ပြန်ခဲ့ပါလား?

အိမ်ပြန်လာခဲ့ပါ​တော့​နော်..

တစ်ခုခုကိုရုတ်တရက်သတိရသွား​တော့ ဟွမ်မင်​ဟောင်ရုတ်တရက်ထထိုင်လိုက်ပြီး တစ်ခုခုကိုထရှာ​တော့တယ် ဘယ်ဘက်မှာရှာပြီးညာဘက်မှလည်းရှာ​ပေမယ့်မရှိဘူး။

ဟွမ်မင်​ဟောင်​စောင်ကို မ ပြီးအိပ်ယာထဲကမြန်မြန်ထွက်လာလိုက်တယ်။

အိပ်ယာ​ဘေးကခုံ​ပေါ်မှာလည်းမရှိဘူး ကြမ်းပြင်​ပေါ်မှာလည်းမရှိဘူး။

ဟွမ်မင်​ဟောင်ရှာ​နေရင်းငို​နေမိတယ် ဘယ်​ရောက်သွားတာလဲ?

Shut Down《停摆》- Chengstin | Myanmar TranslationWhere stories live. Discover now