Part 31

591 77 3
                                    


C 31

ဖန့်ချန်ချန်းရဲ့ "ဟွမ်မင်​ဟောင်,ဖန့်ချန်ချန်းက​ပြောတယ် သူကလည်းမင်းကိုချစ်တယ်တဲ့" ဆိုတဲ့စကားကြားပြီးချင်းပဲ ဟွမ်မင်​ဟောင့်ရဲ့မျက်ရည်​တွေကပုလဲလုံး​တွေပြုတ်ကျလာသလိုစီးကျလာတယ်။

နှစ်နှစ်၊ နှစ်နှစ်လုံး ဖန့်ချန်ချန်းရဲ့ "ကိုယ်မင်းကိုချစ်တယ်"ဆိုတာကိုပြန်ကြားရဖို့ နှစ်နှစ်​တောင်​စောင့်ခဲ့ရတာ။

အချိန်​တွေကတကယ်အားလုံးကိုသက်​သေပြသွားတာပဲ။

ဟွမ်မင်​ဟောင်ကဖန့်ချန်ချန်းမရှိပဲမ​နေနိုင်ဘူးဆိုတာပြသွားတယ်။

ဖန့်ချန်ချန်းကဟွမ်မင်​ဟောင့်လက်ကိုအမြဲဆုပ်ကိုင်ထား​ပေး​နေမယ်ဆိုတာပြသွားတယ်။

ဖန့်ချန်ချန်းသူ့ကိုဖက်ထားလိုက်ရတာကသူမကြုံဖူးတဲ့စိတ်​အေးချမ်း​လေးမှုကိုခံစားလိုက်ရသလိုပဲ။

တကယ်​တော့သူလွန်ခဲ့တဲ့နှစ်နှစ်အတွင်းဘယ်​လောက်​တောင်​ပျော်​ပျော်​နေခဲ့ရသလဲမ​ပြောနိုင်ဘူး။

ပတ်ဝန်းကျင်အသစ်မှာအလုပ်ကိုပဲစိတ်နှစ်ထားရ​တော့ ဖန့်ချန်ချန်းကဟွမ်မင်​ဟောင့်အ​ကြောင်း​တွေးမိဖို့အချိန်မရှိ​တော့ဘူး။

သူတစ်​ယောက်ထဲထမင်းစားတဲ့အချိန်​တွေ ညဘက်အိပ်ခါနီးအချိန်​တွေ လမ်း​​​တွေ​ပေါ်တစ်​ယောက်ထဲ​လျှောက်ရတဲ့အချိန်ဒါမှမဟုတ်အိပ်ခန်းထဲ​​နေ​နေတဲ့အချိန်​တွေမှာ​တော့ ဟွမ်မင်​ဟောင်နဲ့ပတ်သတ်တဲ့နာကျင်မှု​တွေကသူ့ရင်ထဲပြန်​ပေါ်လာပြန်တယ်။

ဟွမ်မင်​ဟောင်နဲ့တစ်​ခေါက်​လောက်ပဲအပြင်သွားဖူး​ပေမယ့် သူတစ်​ယောက်ထဲရှိ​နေတဲ့အချိန်​တွေဆိုဟွမ်မင်​ဟောင့်ကိုပိုပိုပြီးလွမ်းလာတယ်။

ဟွမ်မင်​ဟောင်နဲ့တူတူရှိ​နေခဲ့ရတဲ့​​ပျော်ဖို့​ကောင်းတဲ့ဝမ်းနည်းဖို့​ကောင်းတဲ့ဂရုစိုက်​ပေးရတဲ့​နေ့​တွေကသူ့ကိုအမြဲလွမ်း​နေ​စေတယ်။

ဖန့်ချန်ချန်းတကယ်​တော့အိပ်မက်မက်တာလည်းရှားတယ်။

ဒါ​ပေမယ့်သူအိပ်မက်မက်ရင်လည်းဟွမ်မင်​ဟောင့်ပုံရိပ်​တွေပဲ  ဖန့်ချန်ချန်းSwitzerlandစ​ရောက်ချင်းတုန်းကဆိုရင်ညဘက်​တွေတစ်ညလုံးထိုင်ငို​နေမိတယ်။

Shut Down《停摆》- Chengstin | Myanmar TranslationWhere stories live. Discover now