Part 11(Unicode)

537 86 6
                                    


C11

ဖန့်ချန်ချန်းနိုးလာ​တော့​နေ့လည်​တောင်​ရောက်သွားပြီ။

သူ့မျက်လုံး​တွေဖွင့်လိုက်တဲ့အချိန်မှာ သူ့အိမ်မှာမဟုတ်ဘူးဆိုတာသူသိလိုက်​တယ် သူရုတ်တရက်ထထိုင်လိုက်ပြီးသူရွှီရှန်းအန်အိမ်​ရောက်​နေတယ်ဆိုတာသိပြီးလှည့်ပတ်ကြည့်​နေလိုက်တယ်။

သူ့​ခေါင်းကိုပွတ်​နေမိပြီးရွှီရှန်းအန်အခန်းကိုသွားကြည့်​ပေမယ့်ရွှီရှန်းအန်ကိုမ​တွေ့​တော့ဘူး။

သူ့ဖုန်းကို​ကြည့်လိုက်​တော့ရွှီရှန်းအန်ကသူ့ကိုစာပို့ထားတာ​တွေ့လိုက်တယ်

"ချန်းဇီ,ငါအလုပ်သွားပြီ ငါလည်းဟင်းမချက်တတ်တာမင်းသိ​တော့ ငါမနက်တုန်းက​ပေါက်စီတစ်ချို့ဝယ်လာပြီးစားပွဲ​ပေါ်တင်ခဲ့တယ် စားဖို့မမ​မေ့နဲ့"

ဖန့်ချန်ချန်းကစာတိုကိုကြည့်ပြီးတစ်ချက်ပြုံးလိူက်တယ်။

ဂရုစိုက်ခံရတဲ့ခံစားချက်ကတအားအဆိုးကြီးမဟုတ်ဘူးပဲ။

မီးဖို​ချောင်ထဲသွားပြီးပျားရည်သွားပြင်​နေရင်းဖန့်ချန်ချန်းရဲ့အ​တွေး​တွေကဟွမ်မင်​ဟောင့်ဆီ​လွင့်သွားတယ်။

သူ ညကအိမ်မပြန်လာလို့ဟွမ်မင်​ဟောင်ဘယ်လိုထင်မလဲမသိဘူး ဟွမ်မင်​ဟောင်က​တွေး​ရော​တွေးပါမလား ​သေချာတာ​ပေါ့ဒါသူနဲ့မှမဆိုင်တာ ဘယ်လိုပဲဖြစ်ဖြစ် ကွာရှင်း​တော့မှာပဲ​လေ ဟုတ်တယ်မလား?

ဖန့်ချန်ချန်းကညကဟွမ်မင်​ဟောင်နဲ့ရွှီရှန်းအန်ဖုန်း​ပြောတယ်ဆိုတာမသိလိုက်ဘူး ကွာရှင်းပြီးရင် အရင်​ယောက်ျားဖြစ်သွား​တော့မယ့်တစ်​ယောက်ကိုဟွမ်မင်​ဟောင်ဘယ်လိုမှသူ့အ​ကြောင်းမ​တွေး​လောက်ဖူးပဲထင်​နေခဲ့တယ် ပြီး​တော့လည်းဟွမ်မင်​ဟောင့်ကိုဘယ်လို​ဆက်ဆံရမလဲမသိလို့ သူအိမ်လည်းမြန်မြန်မပြန်ချင်​သေးဘူး။


ဒါ​ပေမယ်တစ်ဖက်ကဟွမ်မင်​ဟောင်က​တော့​သေလုနီးနီးပဲ။

ရွှီရှန်းအန်ကဖန့်ချန်ချန်းကိုမနက်ကျရင်ပြန်ပို့မယ်​ပြော​ပေမယ့်အခု​နေ့လည်​တောင်​ရောက်​နေပြီ​လေ?ဒါကဘာလဲ?ရွှီရှန်းအန်မင်းကငါ့ဘဲငန်းကိုမင်းအိမ်မှာသိမ်းထားချင်တယ်ပေါ့?

Shut Down《停摆》- Chengstin | Myanmar TranslationWhere stories live. Discover now