Part 30

624 79 1
                                    


C 30

ဖန့်ချန်ချန်းကသူ့ကိုအရင်​ပွေ့ဖက်လာ​တာ​တွေ့​တော့ ဟွမ်မင်​ဟောင်သူ့ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားမိတယ်။

"ချန်ချန်း.."

"အင်း..ကိုယ်ရှိတယ်"

"ကိုယ်ထွက်သွားလိုက်ရင် မင်းပို​ကောင်းတဲ့ဘဝမှာ​နေ​နေမယ်ထင်တာ"

သူတို့နှစ်​ယောက်လက်မလွှတ်လိုက်ခင်အထိအချိန်အကြာကြီးဖက်ထားလိုက်တယ် ဖန့်ချန်ချန်းကသူတို့ကြားကတိတ်ဆိတ်မှုကို​လေးလံတဲ့အသံနဲ့ကြားဖြတ်လိုက်တယ်။

"တကယ်​တော့ မ​ကောင်းဘူး၊ နည်းနည်း​လေးမှ​မ​ကောင်းဘူး"

ဟွမ်မင်​ဟောင်ကဖန့်ချန်ချန်းကို​ဖောင်း​နေတဲ့မျက်လုံးနီနီ​လေး​တွေနဲ့ကြည့်လိုက်တယ်။

"မင်း​သွားမယ့်ခရီးစဥ် ​လေယာဥ်ကပျက်ကျသွားတယ်ဆိုတာငါမယုံနိုင်ခဲ့ဘူး

ငါတို့မ​နေ့ညကအထိသိသိသာသာစကားများ​နေခဲ့တာ​လေ၊ ငါတို့ရန်ဖြစ်လို့​တောင်မပြီး​သေးဘူး မင်း​ပေးတဲ့​ မွေး​နေ့လက်​ဆောင်ကို​တောင်မဖွင့်ကြည့်ရ​သေးဘူး မင်းကို​တောင်မ​တောင်းပန်ရ​သေးဘူး ငါအလုပ်မသွားခင်မင်းကိုနှုတ်​တောင်မဆက်လိုက်ရဘူး မင်းဘယ်လို​များအဝတ်စတစ်ခုလိုချက်ချင်း​ပျောက်သွားရတာလဲ? ဟမ်...

အဲ့တာပြီး​တော့ မင်းကငါ့အတွက်ဘယ်​လောက်​တောင်အ​ရေးပါသလဲဆိုတာနားလည်လိုက်တယ်။

မင်းမရှိ​တော့ ငါကဝိညာဥ်မရှိဘဲအသက်ရှင်​နေရသလိုပဲ အစတုန်းကဆိုငါ့ကိုယ်ငါသတ်​သေပစ်လိုက်ဖို့အထိပါ​တွေးဖူးတယ်၊ မင်းမရှိ​တော့ဘူးထင်လို့​လေ ဘယ်လိုပဲဖြစ်ဖြစ်မင်းငါ့ကိုမလိုချင်တော့ဘူးထင်လို့ ကမ္ဘာ​ပေါ်မှာငါ့ကိုအလိုလိုက်ဆုံး ငါ့ကိုဂရုအစိုက်ဆုံး ငါ့ကိုအချစ်ဆုံးမင်းမရှိ​တော့ဘူးဆို​တော့ငါအတွက်လည်းအဓိပ္ပါယ်မရှိ​တော့ဘူး။

ဒါ​ပေမယ့်​ရှောင်​ကွေ့က​ပြောတယ် ငါဒီလိုသာဆက်ဖြစ်​နေမယ်ဆိုမင်းငါ့ကို​ပေးခဲ့တဲ့ဖန်လုပ်ငန်းစုကလည်းငါနဲ့အတူ​ပျောက်ကွယ်သွားလိမ့်မယ်တဲ့။

Shut Down《停摆》- Chengstin | Myanmar TranslationDonde viven las historias. Descúbrelo ahora