C9"ဟွမ်မင်ဟောင် မင်းတကယ်ပြောနေတာလား"ဖန့်ချန်ချန်းကပြုံးပြီးပြောချင်ပေမယ့်သူ့နှုတ်ခမ်းထောင့်တွေကစကားနားထောင်နေပုံမပေါ်ဘူး။
"ငါ့ပုံစံကနောက်နေတဲ့ပုံပေါ်နေလို့လား?"
"အကြောင်းပြချက်ကရော?ဘာလို့လည်း ကျန်းထင်ကောကြောင့်လား?"
"ဟုတ်တယ်ငါသူ့ကိုလက်လွှတ်မခံနိုင်တော့ဘူး"
"ဒါဆိုမင်းကကိုယ့်ကိုထားသွားတော့မှာပေါ့ ဟုတ်တယ်မလား..."ဖန့်ချန်ချန်းရဲ့ဒဏ်ရာတွေအပြည့်နဲ့မျက်လုံးတွေကဟွမ်မင်ဟောင့်နှလုံးသားကိုထုံထိုင်းသွားစေတယ်။
ဒီအချိန်မှာ သူကျုကျန်းထင်အပေါ်ထားတဲ့ခံစားချက်တွေကိုတောင်သံသယဝင်မိတယ် ဒါကအချစ်လားဒါမှမဟုတ်ဒီတိုင်းသာမန်မှီခိုမှုမျိုးပဲလား..။
ဟွမ်မင်ဟောင်ကသူကျုကျန်းထင်အပေါ်ထားတဲ့ခံစားချက်တွေကဖန့်ချန်ချန်းရဲ့သက်ရောက်မှုတွေကြောင့်လားလို့သူ့ကိုယ်သူသင်္ကာမကင်းဖြစ်နေမိတယ် ဖန့်ချန်ချန်းကသူ့ခံစားချက်တွေကိုဒီထပ်ပိုပြီးမလှုပ်ကိုင်နိုင်ခင်သူအရင်အဆုံးသတ်ပစ်ရမယ်။
"ဖန့်ချန်ချန်း.. ငါ့ကိုလက်လွှတ်လိုက်ပါတော့လား မင်းကိုယ်မင်းလည်းလက်လွှတ်လိုက်ပါ "
ဟွမ်မင်ဟောင့်ရဲ့စကားတွေကြားတော့ ဖန့်ချန်ချန်းရဲ့နှာခေါင်းတွေကရုတ်တရက်နာကျင်လာပြီးသူ့ရဲ့ငိုခါနီးမျက်လုံးနီနီတွေဟွမ်မင်ဟောင်မမြင်အောင်မြန်မြန်ခေါင်းကိုငုံ့ချလိုက်တယ်။
ဟွမ်မင်ဟောင် ငါကမင်းအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမလား?
ဟုတ်တာပေါ့ ငါကမင်းကိုနှိပ်စက်နေတာလေ ငါ့ကိုယ်ငါပိုပြီးနှိပ်စက်နေမိတာ...။
ခဏကြာတော့ ဟွမ်မင်ဟောင်ကဖန့်ချန်ချန်းရဲ့လေးလံနေတဲ့အသံပါးပါးလေးကိုကြားလိုက်တယ်
"ဟုတ်ပြီလေ ကိုယ်စဥ်းစားလိုက်ဦးမယ်" ပြောပြီးတော့ဖန့်ချန်ချန်းကထပြီးသူ့အခန်းထဲမြန်မြန်ထပြန်သွားတယ်။
YOU ARE READING
Shut Down《停摆》- Chengstin | Myanmar Translation
Fanfiction"ကိုယ်ရပ်တန့်ပစ်ဖို့ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်နေတဲ့ အချိန်တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapter - 34 (+4 Extras) Original Author : 忘川羨 (Wang Chuanxian) on Lofter Characters: Fan ChengCheng & Hu...