Ep(19)🖤

465 27 0
                                    

အိမ်ပြန်လာသည့်လမ်းမှာတော့ ရှိုက်ဖိုစွာပင် ငိုကြွေးလာတဲ့ ညီပိုင်ကိုကြည့်၍
သွေးတစ်ယောက် စိတ်မကောင်းဖြစ်မိခဲ့ပြန်တယ်။

''ကိုကို.....စိတ်ထဲလုံးဝထိန်ချန်မထားနဲ့
ခံစားရသမျှ ငိုကြွေးပစ်လိုက်ပါ။
ကိုကို့ရဲ့ခံစားချက်တွေကို ကလေးနားလည်သလို ကိုယ်ချင်းလဲစာတယ်။''

ညီပိုင်ကတော့...သွေးရဲ့စကားများကြားပြီးနောက်....
သွေးရဲ့ကိုယ်လုံးလေးကိုဖက်၍ အဆက်မပြတ်သူငိုကြွေးနေမိဆဲပဲ....

သွေးကတော့ ညီပိုင်ရဲ့ခေါင်းကဆံစလေးတွေကိုပွတ်သပ်ပေးရင်း...အားပေးစကားများပြောလာခဲ့ရှာသည်။

''အရာအားလုံးနေသားကျသွားလိမ့်မယ်ကိုကို....အချိန်တန်ရင်ပေါ့...
ဘယ်သူပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့အချိန်ကိုရောက်ရင် ဘယ်ကိုမှပြေးလို့မလွတ်နိုင်ဘူး။
ကျိန်းသေ ရင်ဆိုင်ရမှာပဲ....
ကိုကိုသိရဲ့လား....သွေးလေ အဲ့ဒီစိတ်ညစ်စရာတွေကြောင့် ခံစားချက်တွေကြောင့်လေ လောကကြီးထဲက ထွက်ပြေးဖို့အတွက် အရူးဆန်ခဲ့မိဘူးတယ်။
ပြန်စဥ်းစားလိုက်တော့လည်း ဘဝကြီးက မပြီးဆုံးနိုင်တဲ့စက်ဝန်းကြီးထဲမှာ ပိတ်မိနေတယ်လေ။
ဘယ်အရာကမှ အဆုံးအစ...အစအဆုံးမရှိခဲ့ဘူး။
ထပ်ပြီး...ထပ်မံပြီးတော့ ရပ်တည်နေခဲ့တာ....ဘယ်ဘဝရောက်ရောက်ဆိုတဲ့ခံယူချက်နဲ့ နေခဲ့မိတာ သွေးအရှုံးမပေးနိုင်ဘူးလေ။''

''ကိုကိုကြောက်တယ် ကလေး....
အရင်ကလိုမျိူး ကလေးကိုယ့်အနားက
အဝေးကိုမသွားပါနဲ့နော်....
ကိုကို့ဆီမှာ ကလေးတစ်ယောက်ပဲ ကျန်တော့တာပါ။
အထီကျန်ဆန်မှု့တွေကို ကိုကိုထပ်ပြီး သည်းမခံနိုင်တော့ဘူး...ကလေးကြားရဲ့လားဟင်။''

''အင်း.....
ကလေးကြားတယ် ကိုကို။''

''ကိုကိုအခု ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ
ကလေးကိုပြော....
ကလေးဘက်က လုပ်ပေးနိုင်တာဆိုရင် လုပ်ပေးမှာမို့ ပွင့်ပွင့်လင်းလင်းသာပြောချပစ်လိုက်ပါ။''

''ကိုကို...ကလေးရဲ့ရင်ခွင်ထဲမှာ အိပ်ချင်တယ်။
ကိုကို ကလေးရဲ့အနီးအနားမှာပဲ နေချင်တော့တယ်သွေး။
ကိုယ့်ရဲ့ဘဝမှာ ပျော်ရွှင်ခြင်းတွေက
သေဆုံးခဲ့တာကြာပြီ။
ကိုယ့်ရဲ့ဒယ်ဒီနဲ့ညီက ကလေးရဲ့ဘဝကို
ဒဏ်ရာတွေပေးခဲ့ကြတယ်။
ပြီးတော့ ကိုယ်ကလည်း ကလေးအပေါ်မတရားလုပ်ခဲ့မိတယ်..
.အဲ့ဒီအချိန်တွေမှာ ကလေးသိပ်ကို နာကျင်နေမှာပဲ။
ကိုယ်ပြန်စဥ်းစားမိလေတိုင်းကလေးအပေါ် အပြစ်ရှိသလိုခံစားနေရတယ် ကလေး။''

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Nơi câu chuyện tồn tại. Hãy khám phá bây giờ