Ep( 30 )🖤

391 24 10
                                    

''ကိုယ်ဝန်ခံပါတယ်...ရွှန်း
ကိုယ်မှားခဲ့ပါတယ်။''

''အဟက်...ရှင့်ရဲ့လောဘတွေကြောင့် ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ သွေးစွန်းခဲ့တဲ့ရှင့်လက်တွေက
အရမ်းရွံဖို့ကောင်းတယ် ကိုခွန်ရဲနောင်...''

''ရွှန်း...ကိုယ်တောင်းပန်ပါတယ်ကွာ..ဆက်ပြီးမပြောပါနဲ့တော့''

''ရှင့်ရဲ့အပြစ်ကြွေးတွေကို ရှင်ကျေအောင်ဆပ်ပါ
ကိုခွန်ရဲနောင်...
ပြီးတော့... ရှင်နဲ့ကျွန်မက ဟန်ဆောင်လက်ထပ်ခဲ့တယ်လို့ပဲသဘောထားလိုက်။
ဒီနေ့ဒီအချိန်ကစပြီး ရှင်ကကျွန်မရဲ့ဘဝထဲမှာ
သေလူတစ်ယောက်ပဲဆိုတာရှင်သိထား။''

''ရက်စက်လွန်းတယ်...ရွှန်းရာ ကိုယ်ရွှန်းကိုတကယ်မြတ်နိုးခဲ့တာပါရွှန်း..
ဒါကြောင့် အခုအလုပ်ကိုနောက်ဆုံးအနေနဲ့ကျူးလွန်မိခဲ့တာ။
ကိုယ်မညာပါဘူးရွှန်း...''

''မကြားချင်ဘူး... ရှင့်ကိုကျွန်မသိပ်မုန်းတယ်ကိုခွန်ရဲနောင်ရှင့်ကို
ဒါနောက်ဆုံးတွေ့ဆုံတာပဲ။
ရှင်နဲ့ကျွန်မထပ်ဆုံစရာအကြောင်းမရှိတော့ဘူး။''

''ရွှန်း... ရွှန်း...''

အခန်းထဲကထွက်ခွာသွားတဲ့သူမကို ခွန်ရဲနောင်ခေါ်နေပေမဲ့ သူမကတော့လှည့်မကြည့်ခဲ့ပေ။

အခန်းပြင်ကိုရောက်တာနဲ့ရွှန်းဟာ ရှိုက်ဖိုစွာနဲ့ငို​ကြွေးကာ ရင်ထုမနာဖြစ်ခဲ့တော့သည်။

သူမရဲ့ရင်ထဲ ထိခိုက်နာကျင်နေခဲ့သည်မို့..
ခြေလှမ်းတို့က ရှေ့ပင်မဆက်နိုင်ပြီမို့ ခွေယိုင်ကျလာသည့် သူမကြောင့်...
''ရွှန်း...ညီမလေး အဆင်ပြေရဲ့လား။''

ထိုသို့မေးလာသူကတော့ တခြားသူမဟုတ်ပေ
ဒီပ ဆိုတဲ့ အမှု့လိုက်စုံစမ်းထောက်လှမ်းရေးဆိုသူပင်။

''ရပါတယ် ကိုဒီပ..ရွှန်းအဆင်ပြေပါတယ်။''

''ဒီအမှု့ကို အကိုပဲ ကိုင်တွယ်လိုက်ပါ့မယ်ရွှန်း..အမှု့ကို
အကို့လက်ထဲအပ်လိုက်ပါ...''

''အင်း...ကောင်းပြီလေ ရွှန်းအမှု့ကိုလွှဲပေးပါ့မယ်ကိုဒီပ။''

''ဂရုစိုက်ပါ ရွှန်း..ဒါဆိုရင်အကို့ကို သွားခွင့်ပြုပါအုံး။''

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Dove le storie prendono vita. Scoprilo ora