Ep(16)🖤

536 33 0
                                    

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်ရှိ ပါတီပွဲတစ်ခုဝယ်....

မာယာချိုနဲ့အတူ ပါတီပွဲတက်ရောက်လာသည့် ဦးညိမ်းခက်ထန်...

လုပ်ငန်းရှင်တချို့နဲ့စကားလက်စုံကျနေသည့် ခွန်ရဲနောင်တစ်ယောက် ..
ပါတီပွဲထဲတွင် ဝိုင်ခွက်တစ်ခွက်နဲ့ ချောင်ကပ်နေသည့် မာယာချိုကို သတိထားအကဲခတ်နေသည့်သူ...

သူမကတော့ အူလည်လည်ပုံစံနဲ့ လက်ထဲကဝိုင်တွေကို အရသာခံသောက်၍
သားကောင်ကို ရှာနေခဲ့မိသည်။

အနက်ရောင်နဲ့အနီရောင် တွဲဖက်ဝတ်ဆင်ထားသည့် မာယာချိုသည်...
သူမရဲ့ပုံစံက ရင့်ကျက်မှုတွေနဲ့ပြည့်ဝနေစေပြန်သည် ဒါကြောင့်သူမအေးဆေးစွာသာ လှုပ်ရှားမှု့လုပ်ခဲ့သည်။(သူမရဲ့အလုပ်တာဝန်အတိုင်း)

သူမအနားချဥ်းကပ်လာကြသည့် စီးပွားရေးသမားတချို့ကြောင့် သူမအနည်းငယ်နေရကျဥ်းကျပ်ရပြန်သည်။
ဒါပေမဲ့ သူမအနား ခွန်ရဲနောင်ရောက်လာအောင်လုပ်ဖို့က တခုပဲကျန်ရှိတော့သည် သူမမာယာတချို့ထုတ်သုံးဖို့သာဖြစ်သည်။

မာနကြီးလှသည် ထိုခွန်ရဲနောင်ဆိုသူသည် အရမ်းယောကျာ်းပီသလွန်းသည့်
ကိုယ်နေဟန်ထားနှင့် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ကြီးဆိုတာပင်.....
ခုလည်းပဲ သူ့ရဲ့အလုပ်ကိုသာအရေးစိုက်နေသည့်ထိုလူကြီးသည် တော်ရုံအထာလောက်နဲ့ကပ်၍ရမည်မဟုတ်ပါ။

မာယာချို ထိုလူအုပ်ကြားထဲ ချော်လဲချင်ဟန်ဆောင်လိုက်ကာမှ...

သူမရဲ့ခါးသိမ်သိမ်လေးဆီ လှမ်းလာသည့်လက်ပိုင်ရှင်ကြောင့် သူမဘက်က
ပို၍ လွယ်ကူသွားတော့သည်။

အတန်ကြာသည်အထိ မာယာချိုနဲ့မျက်နှာချင်းဆိုင်ကြည့်နေမိသည့်
ခွန်ရဲနောင်....

''အဆင်ပြေရဲ့လား....miss''

''ဟို...ဟို လေ...ကျေးဇူးတင်ပါတယ် အကိုရယ် မာယာကိုခုလိုကူညီပေးတဲ့အတွက်ပါ။
မာယာကိုခွင့်ပြုပါအုံးနော် အန်ကယ်တို့စောင့်နေလောက်ပြီ မာယာပြန်တော့မယ်။''

တဖက်လူရဲ့စိတ်ကို တုံးတိဖြတ်ချထားခဲ့သည့် သူမရဲ့လှည့်ကွက်ကြောင့်....
ထိုနေရာမှာပဲ ခွန်ရဲနောင်ကျန်ရစ်ခဲ့ရပြီ။

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed حيث تعيش القصص. اكتشف الآن