Ep(5)🖤

954 49 4
                                    

တပတ်ခန့်ကြာသော်.....

အိမ်ပြန်ရောက်တာနဲ့ သွေးရှိရာအခန်းကိုသာဦးတည်နေတဲ့ ခြေလှမ်းတွေကမြန်ဆန်လှတယ် ရင်ထဲလည်း ဝမ်းသာရမလို ခံစားချက်ကြီးက ပုံဖော်လို့မရပြန်ပေ။

သူ့ဆီဖုန်းဆက်အသိပေးတဲ့ သူနာပြုလေးကြောင့် အိမ်ကိုအမြန်ပြန်လာခဲ့ရခြင်းပဲ....

သွေးရဲ့လက်တွေ လှုပ်ရှားလာတာမြင်လိုက်လို့သူ့ဆီဆက်သွယ်ခဲ့တဲ့ သူနာပြုကတော့ သွေးကို ရေပတ်တိုက်ပေးနေသည့်ကြားက ပြုံးလို့နေပြန်သည်။

ထိုသူနာပြုလေးက အိမ်ကိုစစရောက်တဲ့နေ့မှာပဲ ညီပိုင်နဲ့သွေးတို့ရဲ့ မင်္ဂလာဓာတ်ပုံ
ကိုမြင်ပြီး ကျိတ်သဘောကျကာ ကူညီမှုပေးခဲ့သည်။

ခုလည်းပဲ အခန်းထဲဝင်လာတဲ့ သူ့ကို ကြည့်ပြီးပြုံးပြလာတဲ့ သူနာပြုလေးက
အလိုက်တသိပဲအခန်းပြင်ဆီထွက်ပေးရှာတယ်။

အိပ်ခန်းထဲဝင်လာတဲ့သူကတော့ မျက်ဝန်းတွေကမျှော်လင့်ချက်တွေနဲ့...

အခန်းထဲရောက်တာနဲ့ သွေးရဲ့အနီးအနားတိုးကပ်ပြီး လက်လေးကိုဆုပ်ကိုင်ကာ..
"ကလေး....သတိပြန်ရသင့်ပြီကွာ ကိုယ်စောင့်နေတယ်လေ နိုးပါတော့ကွာ လွမ်းလှပြီ။"

သွေးရဲ့လက်လေးကိုဆုပ်ကိုင်ပြီးအနမ်းတွေပေးပြန်တဲ့သူ...

တကယ်တမ်းတော့ သွေးသည်လည်းသတိပြန်ရနေပေမဲ့ မျက်လုံးတွေက မဖွင့်နိုင်သေးပေ နိုးတဝက်အသိတွေကရှိနေပေမဲ့
သူ့အတွက်က မစွမ်းနိုင်ပြန်ဘူး။

တစ်ယောက်သောသူရဲ့...ခေါ်သံတွေကို
နားထဲကြားနေခဲ့သည့်အတွက် သွေးရဲ့အသိအာရုံတွေက မျက်ဝန်းတွေဆီရောက်သွားတဲ့အခိုက်...
အားယူဖွင့်လာခဲ့တဲ့မျက်ဝန်းတွေက ရေးရေးလေးသာ...

ထိုချစ်ရသူရဲ့စိုးရိမ်နေသည့်ပုံရိပ်တွေကို
သူမြင်နေခဲ့တာမဟုတ်လား။
ဖြူဖျော့ဖျော့ နှုတ်ခမ်းသားတစုံဆီမှ ကိုကို
ဆိုသည့်နာမ်စားလေးကို ခေါ်မိခဲ့လေခြင်း။

"ကိုကို..."

'တိုးဖျော့လှသည်ခေါ်သံက သူ့ရဲ့နားထဲ
သူနားကြားမှားသွားတာလား...ဒါမှမဟုတ်
ကလေးက ဟုတ်တယ် ကလေးရဲ့ခေါ်သံပါ
တိုးညှင်းပေးမဲ့ ကလေးရဲ့အသံစစ်စစ်ပါ။
မြန်မြန်ဆန်ဆန် သူ့ကလေးရဲ့မျက်နှာလေးကိုမော့ကြည့်လိုက်တော့မှ ပြုံးပြနေတဲ့သူ့ကလေးက လုံးဝ ချစ်စရာလေး။'

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Où les histoires vivent. Découvrez maintenant