Ep(7)🖤

755 38 2
                                    

အိပ်စက်လို့မရတဲ့ ညတာတချို့ကို ရှိန်းဖြတ်သန်းခဲ့ပြီးပြီမို့ ဒီနေ့ည....နေသွေးတည်းခိုတဲ့အိမ်သို့ ရောက်လာခဲ့တဲ့သူ...

"နေနေ.....ကျွန်တော်စကားပြောစရာရှိလို့
​ေနနေအားရဲ့လားဟင်....."
ရုတ်တရက်ပေါက်ချလာတဲ့သူ့ကိုမြင်ပြီး.....

"အင်....အားပါတယ် မောင်ရှိန်း....မနက်အတွက် ညတည်းကကြိုပြီးပြင်ဆင်ထားတာ လာလေ ဝင်ခဲ့ပါ။
ဒါနဲ့ အန်တီကရော နေကောင်းပြီလား
မောင်ရှိန်း။"

"ဟိုလေ....နေနေ....မေမေကနေကောင်းပါတယ်။
ဒီရက်ပိုင်းအတွင်း ကျွန်တော်ကို သက်သာလာတယ်လို့ပြောတယ်။"

"အော်.....အန်တီသက်သာတယ်ကြားရတော့ နေနေဝမ်းသာပါတယ်ကွာ။
ဒါနဲ့ ရုတ်တရက်ပေါက်ချလာတာ အရေးကြီးကိစ္စ ရှိလို့လား။"

"အင်း....ရှိတယ်..."

"ဒါဆိုပြောလေ ဘာကိစ္စလဲ... "

"စိတ်မဆိုးရဘူးနော်...နေနေ"

"အင်း....ပြောလေ နေနေနားထောင်နေပါတယ် ပြောစရာရှိတာသာပြော။"

ပြောမဲ့စကားတွေ တွန့်ဆုတ်နေတဲ့
ကောင်လေးကြောင့်.....
နေသွေး ခရီးဆောင်အိတ်ထဲ အဝတ်ထည့်နေရင်းဖြင့် "ဘာကိစ္စပြောမလို့လည်း
မောင်ရှိန်း ငွေလိုလို့လား..."

ထိုစကားတွေကိုကြားပြီး သူရိန်ရှိန်းဘက်က ဘာမှမပြောရခင်မှာပဲ...."မဟုတ်တာဗျာ.....
နေနေဘက်ကစိတ်မဆိုးဘူးလို့ ကတိအရင်ပေးရင် ကျွန်တော်ပြောမယ်။"

"အဆန်းပါလား မောင်ရှိန်း....ဘာမို့လို့ဒီလောက်ထိ စိုးရိမ်နေရပါလိမ့်။
ကဲပြောပါအုံး ဘာများလည်း။ "

"ကျွန်တော် နေနေကိုစိတ်ဝင်စားလို့
ပြီးတော့ ချစ်တယ်....ငယ်ငယ်ကတည်းကချစ်နေခဲ့တာ။"
ထိုစကားပြောနေသည့်ကောင်လေးသည် လုံးဝမျက်ဝန်းတွေကအရောင်တောက်ပနေခဲ့သည်။

"ဘယ်လို.....ပေါက်ကရတွေ "
ကျောက်ရုပ်လိုတောင့်ဆန့်သွားသူကနေသွေးပေ.....

နေသွေးရဲ့အခန်းလေးက အိမ်ရဲ့အပေါ်ဆုံးထပ်မှာမို့ တော်ရုံတန်ရုံအသံလောက်က အပြင်လူတွေမကြားနိုင်ပေ
ခု ထိုစကားလုံးတွေကိုကြားပြီးနောက်
"မောင်ရှိန်း မင်းက အခုဘာစကားမျိုးပြောလိုက်တယ်ဆိုတာ မင်းသိရဲ့လား။"

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed حيث تعيش القصص. اكتشف الآن