Ep(6)🖤

1.2K 42 3
                                    

အဲ့ဒီနေ့ကို သွေးအမှတ်ရနေဆဲပဲ...
မျက်လုံးထဲမြင်နေမိတယ်...
သူမထင်ထားခဲ့သလို ဖြစ်လာလိမ့်မယ်လို့လည်းမတွေးမိဘူး။
တကယ်တမ်းတော့... ဒီအဖြစ်တွေကို
ဦးဆုံးသိသူကလည်း သွေးပါပဲ။
ခုလည်းပဲ နံပါတ်တခုကိုနှိပ်ပြီး သူဖုန်းခေါ်ခဲ့မိတယ်...

"ဟဲလို...မမလားဟင်.."

တဖက်မှ...
"အင်းမောင်လေး...သက်သာရဲ့လား
မမမနက်ဖြန်လာတွေ့မယ်နော်..
အားလုံးကိုစိတ်အေးချမ်းစွာနေပါ
မမ...သူ့ကိုဖမ်းပေးပါ့မယ်။
မောင်လေးရဲ့ကျန်းမာရေးကိုပဲဂရုစိုက်နော်..."

"ဟုတ်ကဲ့...မမ..
သွေး မမဆီမှာအပ်ထားတဲ့စာအုပ်လိုချင်တယ် မမလာရင် ယူခဲ့ပေးပါနော်။"

"အင်းပါ...မမယူခဲ့ပေးမယ်
ဂရုစိုက်နော်..."

"ဟုတ်ကဲ့မမ...ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ်နော်..."

"အေးပါ...Byebye သွေး.."

"ဟုတ်..မမရွှန်း..."

ဖုန်းချပြီးတာနဲ့ သွေးရဲ့မှတ်ဉာဏ်တွေက အတိတ်နေ့တွေဆီ ခဏတာရောက်သွားခဲ့တယ်...
'မောင်...မင်းနဲ့ငါက မဆုံနိုင်မှန်းသိရဲ့နဲ့
ဘာလို့အဲ့လောက်ထိမင်းအစွဲကြီးနေရပါလိမ့်။'

Flashback.... 🖤🖤
သူအိမ်ကထွက်လာတဲ့နေ့မတိုင်ခင်မှာပဲ ဦးခိုင်ခန့်(အဖေဖြစ်သူ)
အမြဲပြောပြောတတ်တဲ့ ခင်ပွန်းဖြစ်သူရဲ့
ဒိုင်ယာရီ စာအုပ်အကြောင်းသာ...

နေသွေးလေးကတော့ ငယ်ငယ်ကတည်းကခင်မင်လာခဲ့တဲ့ အဖေဖြစ်သူရဲ့အသိမိတ်ဆွေသမီးနဲ့မောင်နှမအရင်းချာသဖွယ် ခင်မင်ရင်းနှီးခဲ့တယ်။
သူမကတော့ ရွှန်းလဲ့ပါ။

ခုတခါလည်း ရှမ်းပြည်နယ်ဆီအလည်သဘောနဲ့ သွားရလေခြင်း...
ဒေါ်မေမီရဲ့သားနဲ့အနီးကပ်ကိုမရှိချင်၍သာ..သူခုလိုကျောင်းပိတ်ရက်လေးမှာ ထွက်လာခဲ့ရခြင်းမျိုး။

ပြောသာပြောရတာ ဒေါ်မေမီက မမရွှန်းလဲ့ရဲ့ အဒေါ်အရင်းကြီး...
ဒါပေမဲ့ ငွေနဲ့ပက်သက်လာရင်လောဘကြီးတဲ့ဒေါ်မေမီရဲ့စိတ်ဓာတ်ပျက်ပြားမှု့ကြောင့် ရွှန်းလဲ့တို့မိသားစုက မျက်ကွယ်ပြုထားရင်ပိုမှန်ပါလိမ့်မယ်။

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Opowieści tętniące życiem. Odkryj je teraz