သွေးတို့သားဖနှစ်ယောက်ကိုလွမ်းရတဲ့အတွက် ရင်ထဲ နေရခက်ခြင်းများစွာဖြင့် သူအိပ်စက်လို့ကမရပြန်ဘူး....သူ့
နံဘေးက အနွေးဓာတ်ရေးရေးလေးကို
တမ်းတမိတယ်...အရင်လို သူ့အားဆူတတ်သည့် အသံချိုချိုလေးကိုလည်း
သတိရမိတယ်။
ဒါပေမဲ့အခုက တိတ်ဆိတ်နေပြီး...အေးစက်နေလေရဲ့....'လွမ်းလိုက်ရတာကွာ...အဲ့ဒီအလွမ်းတွေက
တစ်ကယ်မတရားဘူး။
ဘာလို့ နေမရထိုင်မရဖြစ်အောင်လူကို
လုပ်ရပါလိမ့် စဥ်းစားမရဘူးရယ်။'သွေးမကြိုက်တဲ့ဆေးလိပ်တွေကိုသူသောက်နေမိတာ ၃ဗူးလောက်ပင်ကုန်ပြီမို့ ဆက်သောက်ဖို့က တွန့်ဆုတ်နေမိတယ်။
ကလေးကမကြိုက်ဘူးလေ...မဖြစ်ဘူး... မနက်ဖြန် သွေးရှိရာဆီ လိုက်သွားဖို့သာရှိတယ်...သွေးနဲ့ကြာကြာသူမခွဲနိုင်ဘူး။
''ဟူးးးး...ကလေးရာ ကိုယ့်ရဲ့အနားနားကလေးမရှိရင် ဘယ်လိုမှကိုယ်မနေတတ်ဘူးဖြစ်နေမိပြီ။''
'မောင်မနေတတ်ဘူး...ယောင်ချာချာအရူးတပိုင်းဖြစ်နေပြီ...'
ဦးစိုင်းထီးဆိုင်ရဲ့ သီချင်းစာသားကိုသာ
ကြားယောင်မိသည်အထိ သူ့အလွမ်းတွေက သူ့ရဲ့သက်ဆိုင်သူထံမှာပါ။ကြယ်တွေကိုရေတွက် အိပ်ပျက်တဲ့ညတွေမှာတော့ ကလေးကိုသာမြင်ယောင်နေမိသည်။
တစ်ရက်နဲ့တစ်ရက် ကုန်လွန်ခဲ့တဲ့နေ့တွေမှာ သူသိလာတာက ရင်မှာအမှန်တကယ်ချစ်ခြင်းတရားကို အဖြေရှာတွေ့ခဲ့လေခြင်းပဲ။တွေ့ခွင့်ပေးပါ ကံတရားရယ် ကလေးကို ကျွန်တော့်ရဲ့အဝေးမှာပို့မထားပါနဲ့။
လွမ်းရင်းနဲ့ပဲထိုညကိုတော့ သူဖြတ်သန်းခဲ့မိသည် အထီးကျန်ခြင်းဆိုဖာခုံလေးပေါ်မှာပေါ့....
◽◽◽◽◽◽◽သားသားကိုသိပ်ပြီးတာနဲ့ သွေးတစ်ယောက် ရွှန်းလဲ့ရှိရာဆီပြန်ရောက်လာပြန်ရော...
''မမ....''
''သွေး...မအိပ်သေးဘူးလား မောင်လေး။''
''မမကို ကျွန်တော်မေးစရာရှိလို့ မမ..''
''မေးလေ... ဘာများလည်း ငါ့မောင်ရယ်
မအိပ်ပဲရအောင်လာမေးတယ်ဆိုတော့
အရေးကြီးလို့လား။''
أنت تقرأ
ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed
عاطفيةဒီ ficလေးက အရင်fic ရဲ့အဆက်ပါနော်.. ကိုယ် ဆက်ရေးပေးမှာပါ။ Fic (1)ကိုအရင်ဖတ်ကြပါ....မဟုတ်ရင် နာလည်မယ်မထင်ဘူး။