Ep(35)extra 🖤

466 19 0
                                    

ကမ်းခြေမှာသောင်တင်ကျန်ရစ်ခဲ့သည့် ခရုဖြူဖြူလေးများကို ကောက်ယူနေသည့် ကောင်လေးရဲ့အနားကို ရှောက်လှမ်းလာတဲ့ခြေသွယ်သွယ်တစ်စုံဟာ သဲမြေလေးပေါ် နစ်မြုပ်ရင်းပါ။

ထိုခြေသွယ်သွယ်ပိုင်ရှင်ဆီအကြည့်ရောက်သွားတဲ့
ပိုင်...
''ဝဏ္ဏ မင်းဘယ်လိုလုပ်ပြီး ကမ်းခြေကိုရောက်နေတာလည်း။''

''ပိုင်..မိဘတွေကို ဖွင့်ပြောရအောင်
အခုလိုအခြေအနေကြီးနဲ့ ကျော်မူ မခံစားနိုင်ဘူး။
ပိုင်ကို ကျော်မူ အမှန်တစ်ကယ်ချစ်မိလို့ ခုလိုမျိုး
လိုက်လာခဲ့ရတာပဲ။
ပိုင်ရော..ကျော်မူကို ချစ်ရဲလားဟင်။''

''ဝဏ္ဏ မင်းဘာတွေအရူးထနေတာလည်း။
မင်းဘက်က ပြောနေတဲ့စကားကို ငါမရှင်းဘူးဖြစ်နေတယ်။
မင်းက ငါ့ကို...တကယ်ကြီး ကြိုက်နေတာလား..
အမှန်အကန်ကြီးလားကွာ။''

''အင်း...ဟုတ်တယ် ကျော်မူဘက်က အမှန်အကန်ပဲ
လုံးဝ မညာဘူး ပိုင်။''

''မင်းရဲ့အရူးထချက်ကြီးကလည်း ဝဏ္ဏရာ တော်ရုံတန်ရုံစနောက်တာပဲ ကောင်းမယ်ထင်တယ်
ငါနေရခက်အောင် မလုပ်ပါနဲ့ကွာ။''

''ပိုင် အမှန်တော့ ကျော်မူက gay ပါ။
ပြီးတော့ ပိုင်ကို မြင်ကတည်းက စိတ်ဝင်စားချစ်မိခဲ့တာ။
ယောကျာ်းလေးချင်း မချစ်ရဘူးလို့ ဘယ်သူကမှကန့်သတ်မထားဘူးပိုင် အချစ်က ဖြူစင်ပါတယ်။
အရောင်တွေထည့်ပြီးတိုင်းတာကြတဲ့ လူတချို့ကြောင့်သာ ခုလိုမျိုး ခွဲခြားပြီးတိုင်းတာခြင်းကိုခံ နေကြရတာ။သူကယောကျာ်းလေးမို့ ငါကမိန်းကလေးမို့ဆိုပြီး ကွဲထွက်သွားတာပဲ။
ပိုင်....ကျော်မူ ပိုင်ကို ချစ်တယ်။မနေသာတော့လို့
ခုလိုမျိုး ရင်လာဖွင့်ရတာပိုင်စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။''

''မဖြစ်နိုင်ဘူးဝဏ္ဏ...ငါ..နဲ့ မင်းက။ ''

ကျောခိုင်းထွက်ရန်ပြင်လာတဲ့ ပိုင်ကို နောက်ကျောဆီမှ ခါးသို့ သိုင်းဖက်လာတဲ့ ဝဏ္ဏ...

''ပိုင်...ဒီလိုမျိုးမလုပ်ပါနဲ့... တောင်းပန်ပါတယ်
ပိုင်မကြိုက်ရင် ကျော်မူ မပြောတော့ပါဘူး။
ထားမသွားပါနဲ့။''

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Wo Geschichten leben. Entdecke jetzt