Ep(28)🖤

398 23 0
                                    

သွေး အိမ်ပြန်ရောက်သည်နှင့် သားသားရဲ့မေးသမျှမေးခွန်းများကို ပြန်လည်ဖြေကြားနေရတယ်။

''ဒယ်ဒီ..သားသား ဖေဖေကြီးကို လွမ်းနေပြီ..''

''အင်းပါ.. သားသားရဲ့ဖေဖေက အလုပ်တွေပြီးပြတ်သွားရင်ပြန်လာပါ့မယ်လို့ သားသားကို
မှာလိုက်ပါတယ်နော်..
ဒယ်ဒီ ဗိုက်ဆာနေပြီ သားသားကရော ဘာမှမစား​​ သေးဘူးလားခုထိ။''

''သားသားမစားချင်ဘူး..ဒယ်ဒီ..''

''ဘာကြောင့်လဲ သားသားရယ် ဒယ်ဒီသားသားစားချင်တာကိုချက်ကျွေးမှာပေါ့ ကဲ ဘာစားချင်လဲ​ပြော''

''ဟင့်အင်း..ဟင့်အင်း..သားသားက ဖေဖေကြီးနဲ့အ​တူတူစားချင်တာ ဒယ်ဒီက သားသားအတွက် ခေါ်ပေးမယ်ဆို အဲ့ဒါအခု ခေါ်ပေး။''

''သားသားကလိမ်မာပါတယ်နော် ထမင်းစားရမယ်လေနော်..ပါးစပ်ဟ''

''ဖေဖေကြီး..ဖေဖေကြီး..ဟင့်..
မစားချင်ဘူးဆို..''

''သားသားမဆိုးရဘူးလို့ ဒယ်ဒီမမှာထားဘူးလား။
ဒယ်ဒီအရမ်းပင်ပန်းနေတယ်နော်...စားစရာရှိတာစားပြီး လိမ်လိမ်မာမာနေစမ်း။''

''အဟင့်အဟင့်.. အူဝါး...''

အိမ်နောက်ဘေးမှာ အဝတ်တွေလှန်နေတဲ့
ရွှန်းလည်း သားသားရဲ့ငိုသံကြောင့် သွေးတို့ရှိရာဆီအမြန်ရောက်လာပါရော..

''ဘာဖြစ်လို့လဲ ငါ့မောင်ရယ်..သားသားကငိုနေလို့''

သူမလည်းမနေသာတော့ပဲ..
''အော်..အေးပါ သားသားရယ် တီလေးရဲ့တူချောလေးကဘာဖြစ်လို့ ဒီလိုမျိုးငိုနေရပါလိမ့်ကွယ်..
အင်းပါ..အင်းပါ တီလေးနဲ့မုန့်သွားဝယ်ကြမယ်နော်..မငိုရဘူးလေကွာ တီ​​လေးက ​​ငိုတာမကြိုက်ဘူးဆိုတာ သားသားသိပါတယ် တီလေးကအရုပ်တွေဝယ်ပေးမယ်လေနော် မငိုနဲ့တော့ ဟုတ်ပြီလား။''

''သွေး...သားသားကို အဲ့လိုမျိုးမလုပ်ရဘူးလို့
မမ ဘယ်နှစ်ကြိမ်ပြောရမလည်း။
ကလေးဆိုတာ အရာရာကိုစူးစမ်းတတ်တာမို့
သားသားကို ရှေ့ဆက်ဒီလိုမျိုးလုပ်တာ ထပ်မဖြစ်စေနဲ့။
သွေးဘက်က ပင်ပန်းနေတာကို မမသိတယ်။
ဒါပေမဲ့သွေး ကလေးကိုတော့ ခဏတာအချိန်ပေးရတယ် စိတ်ရှည်မှပေါ့ ငါ့မောင်ရယ်။''

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Tempat cerita menjadi hidup. Temukan sekarang