ပြိုင်ကားနဲ့ထွက်ခွာသွားသည့် ရှိန်းကတော့ ရင်ထဲနာကျင်စွာဖြင့်ပင်....
တကယ်ဆိုရင်သူ့ဖခင်က သူ့ကိုအကျပ်ကိုင်ခဲ့၍သာ သူသွေးကိုထိခိုက်မှာစိုးလို့ မေသဲနဲ့တွဲ၍သွေးအထင်လွဲအောင်လုပ်ခဲ့မိတာ ခုတော့သူထင်ထားသလိုဖြစ်သွားပြီမို့ အရာအားလုံးက
ပြန်ပြင်လို့မရတော့ပြီ။
ညိမ်းက သူ့မိတ်ဆွေရဲ့သမီးနဲ့ ရှိန်းကို
နီးစပ်အောင် တမင်ဖန်တီးလိုက်တာကိုတော့ ရှိန်းကမသိခဲ့.....''ငါ့ရဲ့မေတ္တာကိုလိုချင်ရင် ငါခိုင်းတဲ့အတိုင်းမင်းလုပ်ရမယ်ရှိန်း....''
ထိုစကားလုံးတွေကို ရှိန်းရဲ့နားထဲပြန်ကြားယောင်နေပြီး...ငါ့ရဲ့လုပ်ရပ်မှန်တယ်လို့ပဲ ထင်မြင်မိတဲ့နောက်...သူကတော့ အချစ်နဲ့အဝေးမှာ ရှင်သန်ရမလားသေဆုံးရမလား အတိအကျမသိတဲ့အခြေအနေမှာ။မိုက်မဲမိတဲ့အမှားက ပြင်ဆင်လို့မရဘူး။
နောင်တတွေပဲရမယ်...အဲ့ဒီအစား ကိုယ်ကိုယ်တိုင်ကပဲ ပြုပြင်မှဖြစ်မှာ....
မှားမှန်းသိရက်နဲ့ ဆက်မှားတဲ့လူဟာ
လုံးဝအစွန်းရောက်တဲ့ အသိမျက်ကန်းသမားပဲ။(အသိရှိတာမှန်တယ် မျက်ကန်းနေမှတော့ဘာမဆိုသူမမြင်နိုင်ဘူး)ထိုသူကတော့ ပြန်လှည့်မည်မထင်ဘူး...
''ဒယ်ဒီ...မာမီကို ဂရုစိုက်ပေးရင်ပဲ ရှိန်းကျေနပ်ပါပြီ။ဒယ်ဒီခိုင်းသမျှ ရှိန်းလုပ်ပေးပါ့မယ်။''
သူပေးခဲ့မိတယ် ထိုကတိစကားတွေကိုပေါ့.....ခုတော့ လမ်းဘေးတနေရာမှာ ကားကိုထိုးရပ်၍ ရှိန်းတစ်ယောက် မေသဲကိုလည်းဂရုမပြုအား သူ့ရဲ့မျက်ရည်တွေက
အတားအဆီးမရှိကျဆင်းလျှက်....
''ဟင့်....အဟင့်....တောင်းပန်ပါတယ် နေနေ
မောင်တောင်းပန်ပါတယ်။
ရွေးချယ်စရာ မရှိခဲ့ဘူး....မောင့်ဘဝမှာ
ပြီးတော့.... မောင်အတ္တကြီးခဲ့မိတယ် ကိုယ့်အတွက်ပဲပေါ့။''
''အားးးး...မွန်းကြပ်လိုက်တာ ငါ့ရင်တွေထဲပူလောင်လွန်းတယ်...ခံရခက်တယ်'''ငါအခု အသည်းကွဲနေတာလား...ဒါမှမဟုတ် ရူးသွပ်သွားတာလား မသဲကွဲဘူး။'
ထိုစကားလုံးတွေကို ထပ်တလဲလဲ ရေရွတ်နေသည့်တိုင် အရာအားလုံးကိုသူ
မယုံနိုင်သေးဘူး.....
'ငါ...မေ့လက်စနဲ့ မေ့ပစ်ရမှာပဲ...'
''ဟူးးးး....''
VOUS LISEZ
ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed
Roman d'amourဒီ ficလေးက အရင်fic ရဲ့အဆက်ပါနော်.. ကိုယ် ဆက်ရေးပေးမှာပါ။ Fic (1)ကိုအရင်ဖတ်ကြပါ....မဟုတ်ရင် နာလည်မယ်မထင်ဘူး။