Ep(25)🖤

425 28 0
                                    

အိမ်မှာနေရတာ အနည်းငယ်ပျင်းလာတဲ့သွေးဟာ သားသားကိုခေါ်၍...
သူတို့ပိုင်တဲ့ ကော်ဖီဆိုင်ရှိရာသို့ ဒီနေ့မနက်မှာ ထွက်လာမိတယ်။

သန့်ရှင်းသပ်ရပ်လှတဲ့ ဆိုင်အပြင်အဆင်နဲ့ for you smile...ဆိုတဲ့ဆိုင်ရှေ့
ကားရပ်လိုက်ပြီး သွေးဟာ သားသားကိုချီ၍ဆိုင်ထဲ ဝင်သွားခဲ့တယ်။

ဝန်ထမ်းအားလုံးကတော့ သွေးကို တရိုတသေနဲ့ နှုတ်ဆက်ကြကာ သူတို့လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ကြမြဲ....
ထို့အတူ...
ဆိုင်မန်နေဂျာဟာလည်း သွေးရဲ့မေးခွန်းများကို မမောတမ်းဖြေပေးနေရသည်။

"ကိုဉာဏ်ဇော်...
ကိုကို ဆိုင်မှာရှိတဲ့အချိန်တွေမှာ ထူးဆန်းတာ တခုခုဖြစ်ဘူးလား မှန်မှန်ဖြေနော် လိမ်ဖို့မကြိုးစားနဲ့။"

"မဖြစ်ဖူးပါဘူး အကိုလေးသွေး....
ပြီးတော့ ဘာမှလည်းမထူးဆန်းဖူးပါဘူး ဆရာက။
ဆရာဘာဖြစ်လို့လဲဟင်..."

"ဘာမှမဖြစ်ပါဘူး....ကိုဉာဏ်ဇော်"

"ဟုတ်ကဲ့အကိုလေး..."

"ကောင်းပြီလေ....ခုရော ဆိုင်အခြေအနေ
ဘယ်လိုရှိလဲ။"

"ကောင်းပါတယ်ဗျာ...."
"နောက်ရက်မှာ ကျွန်တော် လချုပ် စာ ရင်းတွေ အပ်ပါ့မယ် အကိုလေး...."

"အင်း... လကုန်ရင် ဝန်ထမ်းတွေအားလုံးကို bonus ပေးဖို့ရှိတယ်။
ဒီအတောအတွင်းမှာတော့ ကိုဉာဏ်ဇော်ကပဲ ဆိုင်ကိုကြည့်ပြီးစီမံပေးပါ။
ကိုကိုက နယ်ကအသိတွေဆီ ခရီးလွန်နေတဲ့အတွက် သွေးရဲ့ဘက်က အကူအညီတောင်းတဲ့သဘောပါ..ပြီးတော့
သွေးက သားသားတဖက်နဲ့မို့ ဆိုင်ကို
လာနိုင်မှာမဟုတ်ဘူး ဒါကြောင့်ပါဗျာ။"

"ဟုတ်ကဲ့.....ရပါတယ် အကိုလေး...
ဆိုင်ကိုစိတ်ချလက်ချထားပါ ကျွန်တော်နဲ့ဝန်ထမ်းအားလုံးလည်းရှိတဲ့အတွက် မပူပါနဲ့..."

သွေးရဲ့ပေါင်ပေါ်က သားသားကတော့
အောင်လေးလာချပေးထါးတဲ့ ချောကလက်မုန့်နဲ့ နှစ်ပါးသွားနေပြန်တော့ ဝတ်ထားတဲ့ ဂျင်းဘောင်းဘီမှာ
ပေပွလျှက်....

"ဟာ!!...သားသား...ပေကုန်ပြီကြည့်....
ဒယ်ဒီခွံ့ကျွေးမှာပေါ့...ခုတော့ ပေကျံလို့ပါလားသားသားရယ်။"

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Where stories live. Discover now