Ep(24)🖤

449 32 3
                                    

လွမ်းနေရတဲ့သူရဲ့ကိုယ်ငွေ့လေးနဲ့ရနံ့တို့ကိုရလိုက်တာနဲ့ သွေးဟာ သူ့ခင်ပွန်းရဲ့ရင်ခွင်ကျယ်ကြီးအတွင်းတိုးဝင်လိုက်ပါရဲ့။

''ကိုကို....ကလေးအရမ်းလွမ်းနေရတာ
ပြီးတော့လေ...ကိုကိုအတွက် လက်ဆောင်ရှိသေးတယ်။''

''အွန်းပါကိုကိုယုံပါတယ်..  ကလေးက ကိုယ့်အတွက် ဘာလက်ဆောင်ပြင်ထားလို့လည်း။
သားသားရော....ကလေး ''

''သားသားကမမနဲ့ပါသွားတယ် ကိုကို..''

''အော်.''
''ကိုယ့်အတွက်..လက်ဆောင်ဆို ဘယ်မှာပါလိမ့်ဗျာ။''

ညီပိုင်ရဲ့လက်တွေကိုကိုင်ယူလာသည့်သွေးကြောင့်....
သူ့ကလေးလုပ်သမျှကိုအသာစောင့်ကြည့်နေမိတဲ့သူကတော့ ပြုံး၍သာ။

ညီပိုင်ရဲ့လက်နှစ်ဖက်စလုံးကို သူ့ရဲ့ဗိုက်လေးပေါ်တင်ပေးပြီး....
''ကိုကို သွေးရဲ့ဗိုက်ထဲမှာ ပိစိလေးရှိနေပြီ...သိလား။''

''ဘယ်လို....''
''ကလေးမှာ...baby လေးရှိနေတယ်..
တကယ်ကြီးလား ကလေး။''

ရှက်ပြီးခေါင်းငြိမ့်ပြနေသည့်သူ့ကလေးရဲ့မျက်နှာလေးကို ပြန်မော့စေလိုက်ပြီး
အနမ်းနွေးနွေးတို့ကအစားထိုးလာတော့သည်။

''ပြွတ်...ချိုမြိန်လွန်းတယ် ကလေး....
ကိုကိုဝမ်းသာတယ်အရမ်း...ဒါဆိုရင်ဒီပိစိလေးကို ဂရုစိုက်မှရမယ်နော် ကလေး
သားသားအတွက်အဖော်ရတာပေါ့ကွာ။''

''အွန်း....ကိုကိုကဖုန်းလည်းမဆက်ဘူး
လာမယ်ဆိုရင် ကလေးလာကြိုမှာပေါ့ခုတော့ တိတ်တိတ်လေး ခိုးလာတာအရမ်းပျော်ရဲ့လား...ပြောအုံး။''

''လွမ်းလို့ပါ...ကလေးကိုအရမ်းအရမ်းလွမ်းလွန်းလို့ ခိုးလိုက်လာမိတာပါဗျာ။
ကဲ...ကိုကို့မှာအပြစ်ရှိသွားလား ဖြေပါ ကလေးရဲ့။''

''ကိုကိုက ကလေးနဲ့အတူတူပဲ....
ရေချိုးလိုက်အုံး...ပြီးမှ အန်ကယ်တို့နဲ့ မိတ်ဆက်ပေးမယ်လေ...''

''အင်းပါ... ကလေးရဲ့ဆန္ဒအတိုင်းပါဗျာ''

''ဟီးဟီး... မွ...ကိုကိုကအရမ်းစကားရည်လည်တယ်နော် တဖက်လူစိတ်ချမ်းသာအောင်ပြောတတ်လို့ ဆုပေးတါ။''

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Tahanan ng mga kuwento. Tumuklas ngayon