Ep(3)Flashback🖤

1.3K 59 6
                                    

"အဲ့ဒီအဖြစ်တွေနဲ့ အနီးစပ်ဆုံးကတော့...
ဖွားကေသီ ခုသိရတဲ့အဖြစ်တွေပဲ။

ညီပိုင်နဲ့ညီနိုင် အမွှာညီအကိုကို ဖွားကေသီရဲ့အသိမိတ်ဆွေကအကူအညီတောင်းလို့
ကျွေးမွေးထိန်းကျောင်းပေးခဲ့တယ်မဟုတ်လား။
အဲ့ဒီကာလတွေမှာ နိုင်နဲ့မြေးဖြစ်သူကိုရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။
ဖွားရဲ့အကြောင်းကို ခိုင်ခန့်ကအကြောင်းစုံသိသွားခဲ့ပေမဲ့ သူ့ရင်ထဲမှာပဲထားခဲ့တယ်။
ပြီးတော့.. ခိုင်ခန့်က သူ့သားကိုခေါ်သွားခဲ့တယ် သူ့အိမ်ကို..အဲ့ဒီအချိန်ကစလို့မေမီနဲ့က ပြသနာနည်းနည်းဖြစ်ခဲ့ရတယ်။
နောက်ပြီးတော့...ခိုင်ခန့်တစ်ယောက်
မြတ်လေးနွယ်ဆီမှာအကူအညီတောင်းခဲ့ရတယ် နေသွေးလေးရဲ့စိတ်ထဲကမိခင်က
မြတ်လေးနွယ်ဖြစ်နေခဲ့လို့ပဲ။ သူ့သားရဲ့အလိုကိုသာ လိုက်လျောပေးခဲ့တဲ့သူပါ ခိုင်ခန့်ကလေ။
မြတ်လေးနွယ်လည်း သားတွေကိုရှာမရတဲ့အဆုံးမှာ နေသွေးလေးကို ဂရုစိုက်ပေးခဲ့တယ် သူမက မိခင်တစ်ယောက်ဖြစ်တဲ့အတွက် မိခင်စိတ်အပြည့်ရှိတဲ့သူ မဟုတ်လား။
ခိုင်ခန့်ရဲ့အိမ်ကိုဝင်ထွက်သွားလာနေခဲ့တဲ့
မြတ်လေးနွယ်နဲ့...
ဒါကို သဝန်တိုတဲ့ မေမီက ခိုင်ခန့်ရဲ့စည်းစိမ်တွေကိုလောင်းကစားလုပ် သုံးဖြုန်းပစ်ပြီး စီးပွားရေး ပျက်အောင်လုပ်ခဲ့တယ်။

အဲ့ဒီနောက်ပိုင်းအဖြစ်တွေကိုတော့ ကျွန်တော်မသိတော့ဘူး ဖွားကေသီ.."

Flashback end....🖤🖤🖤

ညီပိုင်ကတော့ သူ့ကလေးလေးရဲ့မျက်နှာကိုကြည့်ပြီး ဝမ်းနည်းပက်လက်..
သွေးရဲ့မျက်နှာလေးမှာ ဖြူဆုပ်နေတဲ့အတွက် သူ့ကလေးတော်တော်စိတ်ထိခိုက်နေပြီဆိုတာ...သူသိတယ်။

"ဖွားက အရမ်းရက်စက်တယ်...
ဒယ်ဒီမှာ ဘာအပြစ်ရှိလို့လည်း...ဖွားကြောင့် ကျွန်တော်ရဲ့ ဒယ်ဒီသေရတာ..
ဖွားကို ကျွန်တော်မုန်းတယ်။"

ရုတ်တရက် သွေးရဲ့နှုတ်မှထင်မှတ်မထားတဲ့စကားလုံးတွေကြောင်.. ဒေါ်ကေသီရဲ့မျက်ဝန်းတွေက နောင်တမျက်ရည်တွေအပြည့်နဲ့..

"ဖွားတောင်းပန်ပါတယ် မြေးရယ် သားအပေါ်အချစ်လွန်တဲ့စိတ်နဲ့ ဖွားဘက်ကမလုပ်သင့်တဲ့အမှားမျိုးကျူးလွန်မိခဲ့တာပါ။
ဖွားလေ...ဖွားနောင်တတွေအများကြီးခုချိန်ထိရနေတုန်းပါ။မြေးအပေါ် တာဝန်မကျေခဲ့တာတွေကြောင့် ဖွားမှာအပြစ်တွေရှိပါတယ်မြေးရယ်...
ဖွားပြောတာကိုယုံပေးပါ။"

ကံကြမ္မာရဲ့သားကောင်🖤bluebook(2)completed Tahanan ng mga kuwento. Tumuklas ngayon