ကိုယ့်ကလေးရဲ့ ၂၄ နှစ်ပြည့်လေးကို သတိတရနဲ့ ရေးချင်စိတ်လေးဖြစ်လာလို့ မရေးတာလည်းကြာပြီဆိုတော့ မကောင်းလည်းအမှတ်တရပေါ့နော်...
💝💝💝💝💝💝💝💝
" လန်ကျန့်ရေ..."
စာဖတ်ခန်းထဲ စာဖတ်နေရင်း သူ့နာမည်ကိုအော်ခေါ်ကာ ပြေးဝင်လာသူ။
တိမ်လွှာနန်းမြိုင်မှာ ဆူညံခြင်းကိုတားမြစ်ထားသည်မှန်သော်လည်း ဒီတောစပ်က ကျင်းရှီဆောင်လေးကတော့ ချစ်ရသူအတွက်ခြွင်းချက်ပါပေ။
"အင်း..ဖြည်းဖြည်း.. လဲနေဦးမယ်လေ ..."
စာအုပ်မှမျက်နှာခွာရင်း ပြေးလာသူကိုငေးကြည့်ကာပြောလိုက်သည်။ ဝေ့ဝူရှန်းတစ်ယောက် ပုလွေခါးကြားထိုးရင်း ကလေးတသိုက်နှင့်ကဲပြီးသည့်နောက် သူ့ဆီပြန်ပြေးလာရင်း မျက်နှာချင်းဆိုင်မှာ ပြားပြားချကာဝင်ထိုင်လိုက်သည်။
"ရှေ့တိုးခဲ့..."
စားပွဲတစ်ဖက်မှ လန်ကျန့်က ပြောတော့ကိုယ်ကိုအရှေ့ကို ထိုးပေးလိုက်တော့ နဖူးကစိုနေသည့်ချွေးလေးတွေကိုအင်္ကျီလက်နှင့်သုတ်ပေးရင်း ဆံပင်လေးတွေကိုပါသပ်ပေးလိုက်သည်။
"ဘာလို့ပြေးလာရသလဲ...?ချွေးတွေစိုနေပြီ.."
လေသံထဲမှာ နူးညံ့သောကရုဏာသဘောသာပါသည်။
"ကိုကိုလေး..."
"အင်း..."
" ငါ..ယွင်မုန့်ကို ပြန်ချင်လို့.."
ချွေးသုတ်ပေးနေသည့်လက်က အနည်းငယ်တန့်သွားပြီးမှ ဆံပင်တွေကိုသေသပ်အောင်သပ်ပေးလိုက်ပြီး လက်ကိုပြန်ချကာ အနားကရေကရားထဲမှရေငှဲ့ပြီး ပန်းကန်လုံးလေးကိုဝေ့ရင်းဆီတိုးပေးရင်း ရေသောက်စေသည်။
"ဘာလို့လဲ...ကိစ္စတစ်ခုခုပေါ်လာလို့လား..?"
ဝေ့ဝူရှန်းက ခေါင်းခါလိုက်ပြီး ရေခွက်လေးကိုမော့သောက်လိုက်ပြီးမှ
"အရေးကြီး ကိစ္စတော့မဟုတ်ပါဘူး ... ကျန်းချန်ရဲ့ ဂိုဏ်းဝေယျာဝစ္စလေးတချို့ကူလုပ်ရုံပါ...သူလည်း ခုတလော လူသစ်လေ့ကျင့်တာရယ် တခြားဗာဟီရတွေနဲ့ဆိုတော့ နည်းနည်းအလုပ်များနေတဲ့ပုံပဲ ...အဲဒါ ငါသွားကူလိုက်ဦးမလို့..၂ ရက် ၃ ရက်ပါပဲ..နော်.. လန်ကျန့်.."
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။