ကျင်းရီ နှင့် ကျင်းလင်တို့ ခေါင်းချင်းဆိုင်နေကြသည်။ စစ်ကျွေးက ဇယ်ဝူကျွင်းဆီ ကိစ္စတစ်ခုနှင့် သွားနေသည်။
"ဒါဆို ငါတို့သုံးယောက်နဲ့ မပြီးဘူးကွ..."
ကျင်းရီကပြောသည်။
"အင်း... စစ်ကျွေးပါရုံနဲ့တင်မပြီးဘူး...ငါတို့ သူ့ဦးလေး ဝမ်းနင်ကိုပါ အကူအညီတောင်းရမယ်....သူက နှစ်ယောက်စလုံးအနားမှာ အရင်းနှီးဆုံးနေဖူးတဲ့သူဆိုတော့... သူ အကြံပေးနိုင်မှာပဲ..."
"အေး.. ဒီအကြံကောင်းတယ်..ဟိုမှာ စစ်ကျွေးလာနေပြီ သွားမယ်..."
"ကျင်းလင်..ကျင်းရီ မင်းတို့နှစ်ယောက်ဘာ....
"
စကားမဆုံးခင် သူ့ကို နှစ်ယောက်လုံး အတင်းဆွဲခေါ်ကာ စမ်းချောင်းဘက်ဆီ ခပ်သုတ်သုတ်လျှောက်ကြသည်။ စမ်းချောင်းဘက်ရောက်မှ လက်လွှတ်လိုက်ပြီး"ငါတို့ တိုင်ပင်စရာရှိလို့..."
"တိုင်ပင်စရာ..? မင်းတို့ ဘာလုပ်ကြမလို့ ဒီအထိဆွဲခေါ်လာရတာလဲ...? ငါ တစ်လောကမှ အပြစ်ခံထားရတာနော်.... မင်းတို့ ဘာများ .."
"တိတ်..!"
ကျင်းလင် လက်ညှိုးထိုးကာပြောတော့ စစ်ကျွေးပါးစပ် အလိုလိုပိတ်သွားသည်။
" ငါပြောမယ်...ငါတို့ အခု ဦးလေးနဲ့ ဟန်ကွမ်းကျွင်းကို ပြေလည်အောင်လုပ်ပေးကြမလို့..တိုင်ပင်နေတာ အဲဒါ မင်းအကူအညီလိုတယ်..."
"ငါ့အကူအညီ... ငါ ဘာလုပ်ပေးရမှာလဲ..မင်တို့က စီစဉ်ပြီးကြပြီလား...?"
"အခုစီစဉ်မလို့လေ..အဲဒါ လူမလောက်လို့ မင်းဦးလေးပါ ပါမှရမယ်.."
"ငါ့ဦးလေး.?! "
စစ်ကျွေးမျက်ခုံး လှုပ်နေသည်။ ပထမတစ်ခါ ဟန်ကွမ်းကျွင်းကိစ္စတုန်းက အစ်ကိုတော် ဝေ့ပါလို့မကြောက်ပေမယ့် အခုဟာက သူတို့ချည်းလေးယောက်တည်း ကြံရမှာဆိုတော့ နည်းနည်းလန့်သည်။
"ငါတို့ချည်းပဲလား..?"
"နို့မို့ မင်းက ဘယ်သူ့ခေါ်ချင်သေးလို့လဲ..? လန်ဆရာကြီးလား...?!"
စစ်ကျွေး ပါးစပ်ပိတ်သွားသည်။
"စစ်ကျွေး .. မင်းလည်း မြင်သားပဲ..ဟန်ကွမ်းကျွင်းဘယ်လောက် စိတ်ညစ်နေလဲ...? အစ်ကိုဝေ့ရော စိတ်ချမ်းသာနေတယ် ထင်လား..? ငါတို့မှ မကူညီရင် ဘယ်သူရှိသေးလို့လဲအခု..?"
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။