ဒါလေးက Xiao Zhan လေးရဲ့ BD အတွက်ရေးပေးတာပါ။
🎉🎉🎉🎉🎉
ပက်လက်လှဲနေရတာကြာတော့ ကျောကပူလာတာကြောင့် ခါးပေါ်က လန်ကျန့်လက်ကို အသာမကာ ကျောပေးပြီးအိပ်လိုက်သည်။ ဖက်ထားသည့်လက်ကို ခါးပေါ်ပြန်တင်လိုက်သည်။
ခဏနေကြည့်သည်။ လှဲနေရင်း ညောင်းလာပြန်တော့ ကိုယ်ကိုပြန်လှည့်ကာ လန်ကျန့် နှင့်မျက်နှာချင်းဆိုင်ပြန်အိပ်လိုက်သည်။ ဒါလည်းအိပ်မပျော်။ ဒီညမှ မျက်လုံးကလည်းကြောင်နေသည်။
ညက အိပ်ချိန်တန်လို့နှစ်ယောက်သား အိပ်ရာဝင်ကြတော့ သူက ထုံးစံအတိုင်းတတွတ်တွတ်ပြောရင်း..လန်ကျန့်ကလည်း သူ့စကားမှန်သမျှ 'အင်း' လိုက်ရင်း..နောက်ဆုံး လန်ကျန့်သာအိပ်ပျော်သွားသည်။ သူက အိပ်မပျော်ပဲ ကျန်ခဲ့သည်။
'လန်ကျန့်.. ချိုင်ရီက ကြက်ပေါင်းခေါက်ဆွဲသွားစားရအောင်.."
"ဘယ်တော့သွားချင်လဲ.."
"အင်း...ရတယ်လေ မနက်ဖြန်ဖြစ်...သဘက်ခါဖြစ်ဖြစ်.."
"အင်း.."
"သြော်...ပြီးတော့ ရေပူစမ်းလည်း သွားချင်သေးတယ်.."
"ကိုယ်လက်တွေညောင်းနေပြန်ပြီလား.."
"ဟင့်အင်း.. မညောင်းပါဘူး.. အဲဒီနေရာလေး ငါသဘောကျလို့..မရောက်တာကြာပြီမလား.."
"အင်း..."
"မနက်ဖြန် ကြာစွယ်ဟင်းရည်ချက်ပေးဦး.."
"အင်း..."
"ငါ့မှာ ပိုက်ဆံမရှိတော့ဘူး..နည်းနည်းထပ်ပေးဦး..."
"ဟိုတစ်ခါကလေးတွေနဲ့ သွားတာကုန်သွားပြီလား.."
"အင်း...အမဲလိုက်ထွက်ရင်း အပြန်ကျဗိုက်ဆာတာနဲ့ ဆိုင်မှာဝင်စားလိုက်ကြတာ..ကုန်ပြီ..."
"ငွေရောအကုန်ရှင်းနိုင်ခဲ့ရဲ့လား..?"
"အင်း..လောက်ပါတယ်.."
"နောက်တစ်ခါမလောက်ရင် မင်းကိုပေးထားတဲ့ ကျောက်စိမ်းပြားလေး ထုတ်ပြခဲ့လိုက်.."
"သြော်..အဲဒါက အဲလိုသုံးလို့လည်း ရတယ်လား.."
"အင်း..."
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။