Lost

858 44 3
                                    

"လန်ကျန့်ရေ..."

ဝမ်းသာအားရ သူ့နာမည်ကိုခေါ်လိုက်သံကြောင့် အခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေသည့် ဟန်ကွမ်းကျွင်းတစ်ယောက် ဆတ်ကနဲ ထိုင်ရမလိုထရမလို ပြေးပဲပုန်းရတော့မလို ဖြစ်သွားရသည်။

သိပ်မကြာမီ တံခါးကို ပုခုံးစောင်းနှင့်တိုက်ဖွင့်လိုက်ပြီး ဗန်းတစ်ဗန်းကိုင်ကာ ဝင်လာသည့် ဝေ့ရင်း...။

ဗန်းထဲမှာတော့ ဘာမှန်းမသိရသေးသည့် အငွေ့တစ်ထောင်းထောင်းထနေသော ပန်းကန်တစ်လုံးကို ဇွန်းတစ်ချောင်းတပ်ထားသည်။ ဘေးမှာလည်း ပန်းကန်လုံးလေးနှစ်လုံးကို ဇွန်းတစ်ချောင်းစီတပ်ထားသည်။

စာအုပ်ကို လက်ထဲမှာကိုင်ရင်း ငြိမ်နေသော လန်ကျန့်က ထိုပန်းကန်ကိုတစ်ချက်ကြည့်ကာ တံတွေးတစ်ချက်မျိုချရင်း တတ်နိုင်သလောက်မျက်နှာကို အနေအထားမပျက်အောင်နေနေသည်။

"ဝေ့ရင်း.."

"စောင့်ရတာကြာလို့ ဗိုက်ဆာနေပြီလား..လန်ကျန့်..."

"မဆာပါဘူး.."

ဝေ့ရင်းက ဗန်းလေးကို သူ့ရှေ့က စားပွဲပေါ်ကိုတင်ပေးသည်။

နဖူးမှာသီးနေသည့် ချွေးကိုလည်း သုတ်လိုက်သေးသည်။ လန်ကျန့်မှာ ချွေးစလေးတွေသီးကာ စိုအိနေသော ထိုမျက်နှာလေးကိုကြည့်ကာ သနားလည်းသနားသည်... ပြီးတော့ နည်းနည်းလည်းခေါင်းစားရသည်။

"စားတော့မယ်မလား လန်ကျန့်.."

ဗန်းလေးကို သူ့ရှေ့တိုးပေးရင်း ပြုံးနေသောမျက်နှာလေးကို သူမငြင်းဆန်နိုင်။

"အင်း.."

ဝေ့ရင်းက ပန်းကန်ထဲကဆန်ပြုတ်ကို ဇွန်းလေးနှင့်ခပ်ကာ ခွဲထည့်ပေးပြီး....ပန်းကန်လေးကို မွှေပေးနေရင်း ပါးစပ်ကလည်း အငွေ့တွေကို မှုတ်ပေးနေသည်။

လန်ကျန့်မှာ ထိုဆန်ပြုတ်လိုလို ဟင်းရည်တွေကို ငုံ့ကြည့်ရင်း အားတင်းထားသည်။

သုံးရက်ရှိပြီ။

လန်ကျန့်ဒဏ်ရာရပြီးကတည်းက ဝေ့ရင်းက သူကိုယ်တိုင်ပြုစုချင်ပါသည်ရယ်လို့ တောင်းဆိုကာ နေ့တိုင်း ချက်ပြုတ်ကျွေးနေသည်မှာ သုံးရက်တောင်ရှိနေပြီ။

I know you Deeply in my heart (Unicode) (Complete)Where stories live. Discover now