ဝေ့ဝူရှန်း.. သူ့အရှေ့မှာ ယောက်ယက်ခတ်လျှောက်နေသည့် ကျန်းချန်ကိုမျက်စိနောက်နေပါပြီ။
ပြဿနာကို သူကမရှာတော့..ဟိုကသူ့ဆီ တည့်တည့်လိုက်ရှာတာမျိုး..။
အခု သူနဲ့သီးသန့်စကားပြောချင်သည်ဟုဆိုကာ အပြေးအလွှားရောက်လာတာကြောင့် .. လန်ကျန့်လည်း ဦးရီးတော်ဆီရောက်နေချိန်မို့... အဆောင်တံခါးကိုပိတ်ပြီး သူ ပြောသမျှကို နားထောင်ဖို့ပြင်ရသည်။ မိသားစုကိစ္စလည်းဖြစ်.... လန်ကျန့်တောင် မသိစေချင်ဟုဆိုတာကြောင့် သူလည်းအနီးကဂိုဏ်းသားတစ်ချို့ကို ပထုတ်ပြီး တံခါးပိတ်ကာ သူပြောသမျှကိုနားထောင်နေရသည်။
ကျောင်းပိတ်ချိန်ဖြစ်ပြီမို့ အပြင်ဂိုဏ်းသားမရှိ။ ထိုကျောင်းပိတ်ချိန်ကပဲ ပြဿနာကိုဆောင်ယူလာခြင်းဖြစ်လေသည်။
"ဆိုတော့... အားလင်က သူ့ဘာသာအပျော်ခရီးဆက်ထွက်နေတာရော မဖြစ်နိုင်ဘူးလားကွာ..လူငယ်ပဲ..သူလဲ ပျော်ပျော်နေချင်မှာပေါ့.."
သူအကျိုးအကြောင်းပြောတော့ ကျန်းချန်မျက်နှာကမည်းသွားသည်။ ကျောင်းပိတ်ပေးလိုက်လို့ အိမ်အပြန်မှာ ၁ ပတ်ကြာသည်အထိ ကျင်းလင်အိမ်ပြန်မရောက်သေးတာကြောင် ကျန်းချန်စိတ်ပူကာ လိုက်ချလာခြင်းဖြစ်သည်။
"ငါလဲ နားလည်ပါတယ်..ဒါပေမယ့် သွားရင်လည်း အကျိုးအကြောင်း စာတော့ပို့လို့ရတာပဲကွာ.. ခုဟာက လက်အောက်ငယ်သားတွေပြန်လွှတ်ပြီး သူတစ်ယောက်တည်းပျောက်နေတာတော့ မဟုတ်သေးဘူးလေကွာ...!"
"သူက ဘာမှမမှာလိုက်ဘူးလား..?"
"မမှာလိုက်ဘူး...ငါစိတ်ပူတာက သပ်သပ်ကွ.."
"ပြောစမ်းပါဦးကွ.."
ဝေ့ဝူရှန်း အခုမှ စိတ်ကထင့်သွားရသည်။ ဘာပဲပြောပြော မိဘတွေမရှိတော့သည့် သူတို့ရဲ့တစ်ဦးတည်းသော တူကလေးမို့..သနားသလို..အချစ်လည်းပိုရသည်။ ငယ်ငယ်တည်းက မွေးမြူလာရသည့် ကျန်းချန်ဆိုပိုဆိုးမှာပေါ့..။
"ယွင်မုန့်မရောက်ခင်မှာ တုန်းယွင်မြို့ရှိတယ်မလား... အပျော်အပါးသိပ်များတဲ့မြို့..အေး..ငါ့ လူတွေပြောတာတော့ သူတို့တွေ အဲဒီမြို့က ပန်းမာလာစားသောက်ဆိုင်မှာ ညနေစာ စားသောက်ကြရင်း ပြန်အထွက်မှာသူ့ရဲ့ကျောက်စိမ်းပြားကျကျန်ခဲ့လို့ ပြန်ရှာဦးမယ်..ပြန်နှင့်ကြတဲ့.... ယွင်မုန့်ကလည်း နီးနေပြီမို့မစောင့်ပဲပြန်ကြ...သူ အေးအေးဆေးဆေးလိုက်ခဲ့မယ်လို့ ပြောလိုက်သတဲ့..."
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။