"လန်ကျန့်.. မင်းက အဲလိုလား..?"
လန်ကျန့်က စာရေးစားပွဲမှာ ထိုင်နေပြီး ဝေ့ဝူရှန်း က လသာဆောင် တံခါးဝမှာကျောမီရင်း သူ့ကိုကြည့်ကာ ပြောလိုက်သည်။
"ဝေ့ရင်း..မဆိုးစမ်းနဲ့.."
"ဆိုးတယ်..! ငါက ဆိုးတယ်ပေါ့ ဟုတ်လား..! ဘာလဲ..စိတ်ကုန်တာလား..အချစ်လျော့တာလား..ဒါမှမဟုတ် အသစ်တွေ့......"
"တော်တော့ ဝေ့ရင်း..မဟုတ်တာတွေ မပြောနဲ့...."
အချိန်ကား ညနေ မှောင်ရီပျိုးစ...။
ဂိုဏ်းလုပ်ငန်းစဥ်အားလုံး အနားပေးလို့ ကိုယ့်အဆောင်အသီးသီးမှာ အနားယူကြသည့် ကိုယ်ပိုင်အချိန်လေး။
တစ်ခါမှ ရန်မဖြစ်ဖူးသည့် အချစ်ငှက်မောင်နှံ တောက်ကဆဖြစ်ကြသည်ကို ဂိုဏ်းသားတွေမသိကြသေး။
သို့ပေမယ့်..ညနေခင်း အနီးအနားမှာ လမ်းလျှောက်ကြသည့် စာသင်သားအချို့တော့ ရှိနေကြသည်။
"အခုတော့ ငါ့အသံတောင် မကြားချင်တော့ဘူးပေါ့...!"
"မဟုတ်ပါဘူး ဝေ့ရင်းရယ်..အခုဟာက မင်းပြောနေတာတွေ ဟုတ်မှမဟုတ်ပဲ.."
"ဘာကို မဟုတ်တာလဲ..?!"
"မချစ်တော့တာတွေ.. အသစ်တွေ့တာတွေ.. အဲလိုမှမဟုတ်တာ..မင်း သိသားနဲ့ကွာ.."
ထိုသို့ပြောတော့ ဝေ့ဝူရှန်း မျက်နှာက နည်းနည်း ပြေလျော့သွားသည်။
အဟမ်း.. သိတာပေါ့..။ ကိုယ့်လူမို့ ကြွားပြောတာတော့မဟုတ်..။ လန်ကျန့်က သူကလွဲရင် ဘယ်သူ့ကိုမှ ခေါင်းထဲထည့်မယ့်သူမျိုးမှမဟုတ်ပဲ..။
ဒါပေမဲ့..ဒါပေမဲ့..မပြီးသေးဘူး..။
သူ့ကို အမြဲအလိုလိုက် ဖြည့်ဆည်းပေးတဲ့ လန်ကျန့်က အခု သူ့ဆန္ဒကို မလိုက်လျောနိုင်ဘူးတဲ့။
ဒါ အချစ်လျော့တာပဲ မဟုတ်ဘူးလား...?
"ဒါဖြင့် မင်းက ငါ့ကို အချစ်လျော့လာတာပေါ့..ဟုတ်လား..? ဒါကြောင့် ငါ့ ဆန္ဒကို မလိုက်လျောတာပေါ့...အဲလိုမလား.."
"မဟုတ်တာ ဝေ့ရင်းရယ်.. မင်း ပြောတဲ့ဟာက... ငါ ဘယ်လိုလုပ်ပေးရမလဲ..?"
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။