(ဒါက ဇာတ်လမ်းနဲ့ မဆက်တဲ့ သီးသန့်အပိုင်းလေးပါ။ဟိုနေ့က ရေပူစမ်းသွားရင်း ရေးချင်တဲ့ Idea လေးပေါ်လာလို့ one shot လေး ရေးချင်လာတာနဲ့ ရေးလိုက်တာပါ)
လန်ကျန့် သူ့ကို စိတ်ကောက်နေသည်။
လူအများ ခန့်ညားရတဲ့ လန်သခင်လေးက အခုလို စိတ်ကောက်နေမှုကြီးကို အသိအသာကြီးမဖော်ပြနေသည့်တိုင် ဝေ့ဝူရှန်း သိနေပါသည်။
အရင်ကလည်း စကားပြောတာ တိုတိုရှင်းရှင်း အေးစက်စက်ဆိုသည့်တိုင် သူ့စကားသံထဲမှာအလိုလိုက်မှုတွေ... စိတ်ရှည်သည်းခံတတ်မှုတွေ.. အကြင်နာတွေကို သူခံစားလို့ရနေသည်။
အခု ခံစားချက်ကတော့ တစ်မျိုးကြီး။
ဒါဖြင့်...
လန်သခင်လေး ဘယ်လိုစိတ်ကောက်သလဲ ဟုတ်လား..?
ဥပမာ တစ်ခုပြပါမည်။
မနက်က ခါတိုင်းလို သူ့ကိုရေမိုးချိုးပေး.. အဝတ်အစားဆင်ပေးတာမျိုး လုပ်ပေးသော်လည်း လန်ကျန့်က သူ့ကို စကားတစ်ခွန်းမဆို.. ကြည့်တောင်မကြည့်ပေ။
မနက်စာစားပြီးမှ ဝေ့ဝူရှန်း သူ့ကိုစကားစကြည့်ရသည်။
"လန်ကျန့်..နေကောင်းတယ်မလား..?"
နဖူးကို သွားစမ်းကြည့်တော့လည်း ငြိမ်နေသည်။ ကိုယ်လည်းမပူပါ။
"ကိုယ်လည်း မပူပါဘူး.."
ပါးလေးတွေ သွားစမ်းကြည့်တော့လည်း ပုံမှန်နွေးထွေးနေသော အပူချိန်မျိုးသာရှိသည်။
သူ့ကို မော့တောင်မကြည့်ပဲ စာအုပ်မှာသာ မျက်လုံးတွေကို အကြည့်ပို့ထားသည်။ဒါပေမယ့် ဝေ့ဝူရှန်း သိပါသည်။ လန်ကျန့် ဒီစာမျက်နှာကိုပဲ ကြည့်နေတာ အတော်ကြာနေပြီဆိုတာ။
ဘာဖြစ်နေပါလိမ့်..။
" ခေါင်းကိုက်လို့လား...ဟင်..? ခေါင်းမကြည်ဘူးလား..? ဘာစားချင်လဲ..? မနေ့က ငါ ချိုင်ရီကနေ လိမ္မော်သီးတွေ ဝယ်လာတာရှိတယ်..ခွာကျွေးမယ်လေ...?"
သူကသာ တရစပ်ပြောနေသည်။ ဟိုက တုပ်တုပ်မှ မလှုပ်လာပါ။
ချိုင်ရီဆိုကာမှ ခေါင်းထောင်ကြည့်လာသည်။
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။