❤Picnic❤

548 39 2
                                    

"ဝါး....."

ဝေ့ဝူရှန်း အပျင်းကြောဆန့်ကာ အိပ်ရာမှနိုးလာသည်။

လန်ကျန့်ကတော့ ထုံးစံအတိုင်းဘေးမှာမရှိ။ စာသင်ချိန်မဟုတ်ပေမယ့် သူ့ဦးရီးတော်နှင့် အစ်ကိုတော်ဆီ မနက်စာစားရင်း စကားစမြည်ပြောဖို့ ရောက်နေရော့မည်။

ဒီနေ့မှ သူကလည်း ခါတိုင်းထက်အစောကြီးနိုးနေသည်။

အပျင်းကြောဆန့်ကာ ခါးကိုဘယ်ညာလှည့်ရင်း အကြောဖြေကာ အိပ်ရာမှထလိုက်သည်။ ကြည်ကြည်လင်လင်နိုးနေသည်မို့ ကိုယ်လက်သန့်စင်ပြီး မနက်စာစားဖို့ တွေးလိုက်သည်။

ကိုယ်လက်သန့်စင် အဝတ်အစားလဲပြီး အဆောင်တံခါးကိုဖွင့်ကာ အပြင်ထွက်လာတော့ အပြင်မှာတံမြက်စည်းကိုင်ရင်း လျှောက်လာသည့် စစ်​ကျွေး နှင့် ကျင်းရီကိုတွေ့လိုက်တော့...

"ဟေ့. စစ်ကျွေး.. ကျင်းရီ လာကြဦး.."

"သြော်.. အစ်ကို ဝေ့ အစောကြီးနိုးနေတာလား..?"

ကျင်းရီက ပြန်နှုတ်ဆက်ရင်း နှစ်ယောက်သား သူ့ဆီ​​လျှောက်လာကြသည်။

"မနက်စာ မစားရသေးဘူးမလား အစ်ကို ဝေ့..?"

စစ်ကျွေးက အလိုက်သိသိမေးသည်။

"အေးကွ.. အစောကြီးနိုးနေတာနဲ့ပဲ... ဒါနဲ့.. မင်းတို့က အလုပ်​ပြီးလာပြီလား...?"

"ပြီးပြီ.. အခုပဲ အဆောင်ပြန်ကြတော့မလို့.. အစ်ကိုဝေ့ အတွက်မနက်စာယူလာခဲ့မယ်လေ.. ခဏလေးစောင့်မလား အထဲမှာ.."

ကျင်းရီက တက်တက်ကြွကြွပြောသည်။

"အင်း.. မင်းတို့ပါ လာခဲ့လေ.. စကားပြောကြတာပေါ့.. ငါ တစ်ယောက်တည်း ပျင်းတယ်ကွ..."

စစ်ကျွေးက သူ့စကားကြားတော့ ပြုံးသည်။

"စစ်ကျွေး မင်းကျန်ခဲ့လိုက်လေ... တံမြက်စည်းပေးလိုက်.. ငါပဲသွားထားပြီး မနက်စာယူလာခဲ့မယ်..."

စစ်ကျွေးက ခေါင်းညိတ်ပြီး တံမြက်စည်းပေးလိုက်တော့ ကျင်းရီက ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။

ကျင်းရီယူလာသည့် မနက်စာကိုသူစားနေတော့ ​သူတို့နှစ်​ယောက်က စားပွဲမှာမေးထောက်ကာ ကြည့်နေကြသည်။

I know you Deeply in my heart (Unicode) (Complete)Where stories live. Discover now