"လန်ကျန့် ဒီဘက်ကိုတိုး...."
"အင်း..."
သူ့စကားအတိုင်း အနောက်ကလူကသူ့ကျောမှာကပ်ပြီးပွေ့ဖက်ထားရာက ပိုပြီးတိုးဖက်လာတယ်။
"မရသေးဘူး တိုးဦး..."
"လှုပ်မနေနဲ့လေ နွေးသွားမှာပါ... ငြိမ်ငြိမ်လေးမှေးပြီးအိပ်နေလိုက်..လှုပ်နေရင်ပိုချမ်းတယ်..."
နောက်ကနေ သူ့ကိုတင်းတင်းပိုက်ပြီး သူ့ဗိုက်ဖွဖွလေး ပုတ်ပေးရင်း လန်ကျန့်ကပြောလာတယ်....။
"ဒီလောက်တောင်ချမ်းရသလား..ငါဘယ်လိုမှ အိပ်မရတော့ဘူး...စောင်တွေအကုန်အလကားပဲ.. မင်းကလည်းဒီထက်ပို ဖက်ပါဆိုနေမှ...."
"ဝေ့ရင်း...."
ဖက်ထားတဲ့ကြားက လှုပ်ရွပြီးဒီဘက်လှည့်လာလိုက် ကျောခိုင်းသွားလိုက်နဲ့စောင်ပုံအောက်မှာလှုပ်ရွနေတဲ့လူကြောင့် လန်ကျန့်လည်းကောင်းကောင်းအိပ်မရ...တိမ်လွှာနန်းမြိုင်ရဲ့ အိပ်ချိန်ထက်ကိုကျော်လွန်နေပြီ။
ဒီနှစ်ရဲ့ဆောင်းက ပုံမှန်ထက်အေးလွန်းနေတာလည်းအမှန်ပင်။
လန်ကျန့်လည်း သက်ပြင်းချရင်း ဖက်ထားတဲ့လူကိုစောင်နဲ့အသေအချာထုပ်ပိုးပေးပြီး အိပ်ရာကနေဆင်းလိုက်သည်။
"ဘယ်သွားမလို့လဲ...?"
"မီးဖိုသွားယူပေးမလို့..."
"ရှိတာလား..?"
"အင်း..."
"စောစောကပြောပါတော့လား...တကယ်ပဲ ချမ်းပါတယ်ဆို..."
"ခဏပဲစောင့်.."
ဝတ်ရုံကိုအပေါ်ကထပ်ဝတ်ပြီး အနောက်ဘက်အခန်းကိုကူးရင်း သိမ်းဆည်းထားတဲ့ မြေသားမီးဖိုလေးကိုချ...မီးသွေးဖြည့်မီးမွှေးရင်း အရှိန်ရပြီးမီးရဲလာအောင် ယပ်ခပ်ပေးရသေးတယ်။
ဆောင်းတွင်းကြီး ဝတ်ရုံဖားဖားနှင့်တစ်ယောက်တည်းမီးဖိုနေသည့် ဟန်ကွမ်းကျွင်းရယ်ပါ....။
မီးကအရှိန်လေးရပြီးရဲလာတော့ အပေါ်ကမီးသွေးတွေထပ်ဖြည့်ပြီး မီးခိုးအူမနေအောင် ခဏယပ်ခပ်ပေးရသေးသည်။ ပြီးမှ မီးဖိုကိုဘေးနှစ်ဖက်လက်ကိုင်ကွင်းမှမလာပြီး အိပ်ခန်းဘက်ကိုပြန်ယူလာပြီး ခုတင်ဘေးကြမ်းပြင်မှာချလိုက်သည်။
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။