"အားရှန့်..မမတို့ စကားပြောရအောင်လေ.."
သူနဲ့ အသက်မတိမ်းမယိမ်းခန့်သာ ရှိမည့် ကောင်မလေးရဲ့ စကားသံကအေးဆေးတည်ငြိမ်သလောက် ကရုဏာသံလေးကလည်း ရောယှက်နေသေးသည်။
ဝေ့ဝူရှန်း ခေါင်းကိုပြန်လှည့်ကြည်လိုက်သည်။ အခု သူတို့ရောက်နေတာက ပွဲဈေးတန်းလေးတစ်ခုထဲမှာ..။ ဝေ့ဝူရှန်းက သူမကို လက်ဆွဲရင်းပွဲဈေးလျှောက်နေခြင်းဖြစ်သည်။ ဝေ့ဝူရှန်း ပြုံးနေပေမယ့် သူမကိုတော့ ကြာကြာဖုံးကွယ်ထားလို့မရပါ။ သူ့ရင်ထဲမှာ တစ်စုံတစ်ယောက်ကို နင့်နင့်သည်းသည်း သတိရနေသည်။
ုဒါပေမယ့်လဲ... သူ ပြန်သွားခွင့် ရှိသေးရဲ့လား..?
သူ့အတွက် အချိန်မရွေး ကြိုလင့်နေမယ့် ရင်ခွင်တစ်ခုကို သူဒဏ်ရာတွေပေးခဲ့ပေါင်း များလှပြီ။
အခုလဲ....
သူ့ရဲ့ တစ်ဘဝလုံးနဲ့ရင်းခဲ့ရသည့် နောင်တတစ်ခုကို ပြန်လည်ပြင်ဆင်နိုင်ဖို့.... နောက်တစ်ခါ ထပ်ပြီး ချစ်ရသူကို ဒဏ်ရာပေးခဲ့မိပြန်ပြီ။
ဝေ့ဝူရှန်း ခေါင်းညိတ်ပြလိုက်တော့ သူမက သူ့လက်ကိုဆွဲကာ လမ်းဘေးမှာခင်းထားသည့် ခေါက်ဆွဲဆိုင်လေးကို ခေါ်သွားကာ ထိုင်လိုက်လေသည်။
မကြာမီ သူတို့ရှေ့ကို ရောက်လာသော ပူပူနွေးနွေးခေါက်ဆွဲနှစ်ပွဲ..။ အသားတုံးလေးတွေပါပါသေးသည်။
ခေါက်ဆွဲပန်းကန်လေးကိုကြည့်ရင်း... တစ်ခါက စိတ်ကောက်နေသော လန်ကျန့်ကို အသားနွှင်ကာကျွေးခဲ့ဖူးသည့် အချိန်လေးကို ပြန်သတိရကာ မျက်ရည်ဝဲရပြန်သည်။
မျက်ရည်တွေဝဲလျက်သားက ပြုံးနေသည့် သူမမောင်လေးကို သူမ မကြည့်ရက်တော့ပါ။
"လန်သခင်လေးကို သတိရနေတာလား ရှန့်ရှန့်..?"
နဂို ကျန်းယန်လီ၏ ခပ်အေးအေးအသံမျိုးမဟုတ်တော့သည့်တိုင် ခပ်ဆာဆာအသံလေးက အေးချမ်းသည့် အရိပ်တွေလွှွှမ်းနေဆဲပါ။
သူမက... အမြဲတမ်း အေးချမ်းနေသည့် ကျန်းယန်လီပဲလေ...။ ဘယ်ဘဝမှာပဲ ရောက်နေပါစေ သူမအေးချမ်းနေဦးမှာပါပဲ...။
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။