၁ လပင် ပြည့်တော့မည်။
ဝေ့ရင်းနှင့် စစ်ကျွေးတို့၏ သတင်းကိုလိုက်လို့မရသေးချေ။
ဝေ့ရင်းဘာလို့ ထွက်သွားသလဲ..?
စစ်ကျွေးကရော အတူပါသွားတာလား..?
ရွှယ်ယမ့် စနက်များပါနေသလား ..?
စသည်ဖြင့် လားပေါင်းများစွာတို့က အားလုံးသော လန်ဂိုဏ်းသားများ ရင်ထဲမှာပဟေဠိတွေ ဖြစ်နေကြသည်။
စစ်ကျွေးမရှိတော့ ကျင်းရီတို့ သူငယ်ချင်းတစ်သိုက်လည်း အရင်လို တက်တက်ကြွကြွမရှိကြ။
ကျင်းလင်ကလည်း ထုတ်မပြောတာသာရှိမည်။ ဦးလေးဖြစ်သူကိုတော့ သံယောဇဉ်ကြီးရှာတာကြောင့် တိမ်လွှာနန်းမြိုင်မှ ပြန်ရလျှင် သူ့ဘာသာ ထွက်ရှာဖို့အထိ စဉ်းစားထားသည်။
အဆိုးဆုံးကတော့ .. ဟန်ကွမ်းကျွင်းပင်။
နဂိုအခံက အေးချမ်းသူ... အိနြေ္ဒကြီးသူမို့ သောကပွေနေသည့်ပုံ သိပ်မထွက်သော်လည်း အရိပ်အကဲကို နားလည်လွန်းသူ လန်ရှီးချန်မှာတော့ ညီဖြစ်သူရဲ့ သောကတွေကို အတိုင်းသားသိမြင်နားလည်နေရသည်။
စာသင်ချိန်တွေ ပုံမှန်လာသင်..ပြီးရင် သူ့အဆောင်သူပြန်ပြီး တစ်ယောက်တည်း အခန်းတံခါးပိတ်ကာ စောင်းတီးနေတတ်သည့် သူ့ညီငယ်။
ညဘက်တွေ လသာဆောင်မှာ တစ်ယောက်တည်း ငေးမောကာနေလိုက်... တစ်ခါတစ်ခါ အမိုးပေါ်မှာ တစ်ယောက်တည်း တက်ထိုင်နေလိုက်... တစ်ခါတစ်ခါ ရေတံခွန်နားမှာ အကြာကြီးသွားထိုင်နေလိုက်နှင့် .. စကားအများကြီး ဖွင့်ဟမပြောသော်ငြား လွမ်းဆွတ်တမ်းတခြင်းတွေနှင့် ရင်နဲ့မဆန့်အောင် မွန်းကြပ်နေရှာသည်။
ကျန်လူအားလုံးကတော့ ဝေ့ဝူရှန်း ဘယ်ရောက်သွားသလဲ သိချင်နေကြချိန်မှာ...
လန်ကျန့်ကတော့ ချစ်ရသူရဲ့ အဆင်ပြေ၏ မပြေ၏... အန္တရာယ်ကင်း၏ မကင်း၏ ကိုသာ
စိတ်ပူနေရှာသည်။ဝေ့ရင်းဆိုတာ ဘယ်တော့မှ သူ့ကိုအကြောင်းမဲ့သက်သက် ထားရစ်ခဲ့မည့်သူမဟုတ်တာ သူသိသည်။
ညတိုင်း သူ့ရင်ခွင်ထဲမှာသာ နွေးထွေးစွာပွေ့ဖက်ကာ အိပ်ပျော်စေခဲ့သော ချစ်သူက..အခုတော့ သူ့ရင်ခွင်ရဲ့အဝေးမှာ..။ မနက်တိုင်း အိပ်ရာဘေးက နေရာလွတ်လေးကို လက်နှင့်ညင်သာစွာ စမ်းသပ်ရင်း အအိပ်ကြီးလှသော.. မနက်တိုင်း သူ့ရင်ခွင်မှာ တိုးခွေ့ပွတ်သပ်ပြီးမှ နိုးထတတ်သော ချစ်သူကို နင့်သည်းစွာလွမ်းဆွတ်ရသည်။
BINABASA MO ANG
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။