*
ကောင်းကင်တစ်ခုလုံးအုံ့မှိုင်းကာ ပတ်ဝန်းကျင်တစ်ခွင်လေပြင်းတွေတိုက်ခတ်လို့နေသည်။
နှစ်ရှည်အပင်ကြီးတွေပင်လဲကျတော့မယောင်ယိမ်းထိုးလို့နေလောက်သည့်ထိ လေကပြင်းလှသည်။များမကြာမီမှာပင် မိုးရေစက်တွေအဖြိုင်ကြလို့လာသည်။
တောထဲမှလူတစ်စုမိုးခိုလို့ရလိုရငြား နေရာလိုက်စရာပေမယ့်မတွေ့။
ပါလာတဲ့ထင်းခြောက်တွေလည်းစိုရွှဲလို့သွားကာအသုံးပြုလို့မရတော့သည့်အခြေအနေကိုရောက်ကုန်သည်။ကြံရာမရတဲ့အဆုံးယိမ်းထိုးနေတဲ့ နှစ်ရှည်ပင်ကြီးတစ်ပင်အောက်ဝင်ကာရပ်တော့မှ သိသိသာသာလေးလုံခြုံသွားသလိုခံစားရသည်။
" အဲ့ဒါဒီကောင်းကျိုးမပေးတဲ့သောက်ကလေးပါလာလို့ ဒီလိုကြုံရတာ "
လူကြီးတစ်ယောက်ကမိုးရေစိုနေတဲ့အင်္ကျီကိုချွတ်ကာခါလိုက်ရင်း ဘေးတွင်ကုပ်ကုပ်လေးထိုင်နေသည့် ကလေးငယ်ကိုလက်ညှိုးထိုးကာမညာမတာဆိုလေသည်။
" ဒီသောက်ကောင်လေးကမွေးကတည်းကအကျိုးမပေးတာ အခုလည်းဒီအထိလိုက်လာပြီးဒုက္ခပေးနိုင်လွန်းတယ် "
" သူ့ကိုထားခဲ့လိုက်တော့မယ်။ဆက်ခေါ်သွားရင်လမ်းတစ်လျှောက်ဘယ်လိုဒုက္ခတွေပေူဉီးမလဲမသိဘူး "
" ဟုတ်တယ်။မိုးလေးနည်းနည်းငြိမ်တုန်းသွားရအောင် "
ချထားတဲ့အထုပ်ကိုယ်စီပြန်သယ်ကာ အလျှိုလျှိုထွက်သွားကြရာ တစ်ဆယ့်သုံးနှစ်သားကလေးလေးကတော့ ဒူးလေးကိုကျစ်ကျစ်ပိုက်လျက်ထိုင်နေဆဲ။
သူဘာလုပ်နိုင်မှာလဲ ?
နေဆိုတော့လည်းနေခဲ့ရုံပေါ့။စိတ်ဆိုးပြေတဲ့အခါ လာပြန်ခေါ်မှာပါလို့တွေးရင်း ထိုင်ရာကမထလို့ ဒူးလေးပိုက်လျက်ရှိနေသည်။
" လူတွေကဘာလို့ထိလောက်ထိရက်စက်ရတာလဲ "
" အင်းလေ တကယ်ဆိုသူတို့မွေးထားခဲ့တာပဲကို ဒီလောက်ထိရက်စက်စရာလိုလို့လား "
နတ်သူငယ်နှစ်ပါးကမြေပြင်ကအခြေအနေကိုကြည့်ရင်းစကားတပြောပြောရှိနေကြသည်။
မိုးလေတသည်းသည်းဖြစ်နေတာမို့ကြာနေရင် ဒီကလေးထိုင်ရက်နှင့်ပင်သေသွားလိမ့်မည်မှာမလွဲ။
![](https://img.wattpad.com/cover/280240417-288-k144376.jpg)
YOU ARE READING
အရှင်သခင်ကတစ်လောကလုံးမှာသူ့ဇနီးကိုအချစ်ဆုံးပဲ