Zawgyi
စကားတွေအဆုံးမှာကျယ့်ဟန်ကိုခါးကနေဆွဲပွေ့ကာဖက်လို့ကိုယ်ဖော့ကာထိုနေရာကနေထွက်လာခဲ့လိုက်သည်။
ကျယ့်ဟန်ကတော့ဘာတြွေဖစ်လို့ဖြစ်သွားမှန်းမသိလောက်အောင်ကိုအတွေးတွေများနေရာကုန်းကျွင့်လက်တစ်ဖက်ကသူ့ရဲ့ခါးတွေတင်းကြပ်နေအောင်ဖက်ထားပြီး သူကတော့ကုန်းကျွင့်ရဲ့ရင်ခွင်ကျယ်ကိုမျက်နှာမူနေရတယ်ဆိုတာကိုမသိသေး။
ကျောက်အေးဂူနားပြန်ရောက်လို့မြေပေါ်သက်ဆင်းတော့
" ညစာချက်လိုက်တော့ .... ကိုယ် "
" ခဏလေး ကုန်းကျွင့် ! "
ခပ်သွက်သွက်ထွက်လာချင်ပေမယ့် အင်္ကျီလက်အကျစကိုဖမ်းဆွဲကာကျယ့်ဟန်ကတားထားသည်။
" ခင်ဗျား ..... ဘယ်သူလဲ ? လိမ်ဖို့တော့မကြိုးစားနဲ့။ဧကရာဇ်တစ်ပါးကိုအာစေးမိသွားအောင်ထိပြောနိုင်တဲ့ခင်ဗျားဘယ်သူလဲ ... ခင်ဗျားရဲ့ပုံစံအစစ်ကဘာလဲ။ "
ကုန်းကျွင့် , ကျယ့်ဟန်ကိုအတော်လေးကြာအောင်စိုက်ကြည့်နေပြီးမှသက်ပြင်းချလိုက်ပြီး
" ကျယ့်ဟန် , ကိုယ့်ကိုကိုယ်ယုံ ကိုယ့်ပုံစံကအစစ်ကကိုယ်ပဲ။ကိုယ်ကိုကိုယ်ယုံလို့ရတယ် ကိုယ်မင်းကိုထိခိုက်အောင်နာကျင်အောင်လုပ်မှာမဟုတ်ဘူး။ "
ပြန်ဖြေစကားမဆိုလာဘဲစုန်ချည်ဆန်ချည်ကြည့်ကာအကဲခတ်ဟန်နှင့်ပြုနေတဲ့ကျယ့်ဟန်ရဲ့ပခုံးကိုမနာအောင်ဆုပ်ကိုင်လို့အနားပိုတိုးအောင်လုပ်ရင်း
" ကိုယ့်ကိုကိုယ်ယုံပါ ..... မင်းနဲ့စသိတဲ့နေ့ကစလို့ဒီကနေ့ထိကိုယ်မင်းအပေါ်ထားတဲ့စိတ် အပြုအမူ အပြောအဆိုတွေအကုန်လုံးကစိတ်ရင်းမှန်တွေချည်းပါပဲ
ကျယ့်ဟန် ..... ကိုယ့်ကိုတစ်ခုခုတော့ပြန်ပြောဉီးလေ။ "
အတော်လေးကြာတော့သက်ပြင်းခပ်ဖွဖွချရင်းမျက်လွှာပါချကာကျယ့်ဟန်ကခေါင်းငြိမ့်လာသည်။
" ကျွန်တော်ခင်ဗျားနဲ့ရင်းနှီးတာမကြာသေးပေမယ့် ကျွန်တော်ခင်ဗျားကိုယုံပါတယ်။ရုတ်တရက်ကြီးအခြေအနေတွေကရှုပ်ထွေးသွားလို့ကျွန်တော် နည်းနည်း ..... စိတ်ရှုပ်သွားတာပါ။ "
YOU ARE READING
အရှင်သခင်ကတစ်လောကလုံးမှာသူ့ဇနီးကိုအချစ်ဆုံးပဲ