Part-6🦋

933 115 13
                                    

Unicode✅✅

ဩဂုတ်လကုန်လို့စက်တင်ဘာရဲ့ပထမဆုံးရက်တောင်ရောက်လာပါရောလား အချိန်တွေကတော့ပုံမှန်လည်ပတ်လို့နေလေရဲ့

"အာ ဒီနေ့ကူးငယ်မွေးနေ့ပဲ"

မနက်အိပ်ယာက၃နာရီရေထသောက်ရင်း ကူးငယ်မွေးနေ့အတွက်နှစ်တိုင်းကိုယ်တိုင်ဖုတ်ပေးနေကျ ကိတ်မုန့်ကိုကူးငယ်အတွက် လုပ်ပေးဖို့ပြင်ဆင်နေလိုက်တယ်

"အကိုလေး သွားဖို့အဆင်သင့်ဖြစ်ပါပီ"

"ဟင် ငါမသွားသေးဘူး ခနလေးဒါလေးလက်စသတ်နေလို့"

"အကိုလေး ဒီနေ့ Jungkook မွေးနေ့မို့လုပ်နေတာလား"

"ဟုတ်တယ်လေ အာ့"

မိုက်ခရိုဝေ့ထဲကထုတ်ထုတ်ချင်းဗန်းကိုအပူခံလက်အိတ်မဝတ်ပဲကိုင်လိုက်တာအပူလောင်သွားတာ ဒါကူးငယ်ကြောင့်နှစ်တိုင်းရတဲ့ ဒဏ်ရာလေးပဲ

"အကိုလေး အပူလောင်သွားတာလား ကျွန်တော်ဆေးသွားယူလိုက်အုံးမယ်"

"မယူနဲ့တော့ ဝူဘင် ငါဘားမှမဖြစ်ဘူး ဒါကနှစ်တိုင်းဖြစ်နေကြပဲ ရတယ် မင်းငါ့အစားcompanyမှာသွားကြည့်ပီးစာရင်းစစ်ထားအုံး ငါခနနေဖုန်းဆက်ခေါ်လိုက်မယ် ဒါလေးအလှဆင်ပီးရင်ပီးပီ"

"ဟူတ်ကဲ့ အကိုလေး"

မွေးနေ့ ကိတ်လေးကိုအရင်နှစ်တွေထက်တစ်မှုထူးပီးပြင်ဆင်နေခဲ့မိတယ် ဘာလိုလဲသိလား ကူးငယ်ကိုဖွင့်ပြောတော့မှာလေ ကူးရေ အရင်လိုလေးကိုကို့နားမှာပဲနေမယ်လို့ပြောမှာလား
ဟင် အရင်ကပြောတဲ့စကားလေးကိုပြန်ကြားယောင်ရင်း အလှပဆုံးကိတ်လေးကိုဖန်တီးနေခဲ့မိတယ်~~~~

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"သားငယ်ရေ အမေသွားစရာရှိလို့မင်းအတွက်ထမင်းဘူးစားပွဲပေါ်မှာနော်"

"ဟုတ်ကဲ့မေမေ သားလဲကျောင်းသွားပီ"

"သား ခန ရွှတ်~ သားငယ်ကအရင်လိုပါးဖောင်းဖောင်းဟုတ်တော့ဘူးပဲမေ့သားလေးက ပျော်ရှင်စရာမွေးနေ့ပါသားငယ်"

"မေမေကလဲ သားကလူကြီးဖြစ်နေပီကို ဘယ်လိုလုပ်ပါးဖောင်းဖောင်းတွေရှိတော့မှာလဲ မေမေ့ရ မေမေကပါးဖောင်းဖောင်းလေးကိုသဘောကျတာလား"

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Where stories live. Discover now