Part-19🦋

910 128 16
                                    

Unicode ✅✅

အိပ်မောကျနေတဲ့ မျက်နှာငယ်ကိုကြည့်လျက် ပွေ့ချီကာ ကုတင်ပေါ်အသာလေးချမိပီး မေ့မေ့လျော့လျော့ အသက်ရှုဖို့မေ့လောက်သည်ထိထိုင်ကြည့်နေမိတယ်

"Jimin hyungကျွန်တော် ခင်များကိုအရမ်းစွဲလန်းနေမိမှာ ကြောက်လိုက်တာဗျာ ခင်များကသိပ်ကိုချစ်ဖို့ကောင်းလွန်းလို့လေ"

တစ်ကိုယ်တည်းကြားယုံလေးသာပြောလိုက်ပီ နဖူးလေးပေါ်အသာဝဲကျနေတဲ့ ဆံပင်မျှင်ငယ်လေးအား ဖယ်ပေးနေမိတယ်

ဆံပင်လေးဖယ်ပေးနေရင်းမှာကို မှေးကျင်းသော မျက်ဝန်းငယ်တို့က အသာကြည့်လျက် နှုတ်ခမ်းဖူးဖူးလေးကလဲ သူခေါ်နေကျ နံမည်လေးအား အလျံပယ်ထွက်ကျလာသည်

"ကူးငယ်"

"အင်! နိုးလာလဲ ခင်များပြန်အိပ်ရမယ် Jimin shii "

ဆေးရုံဝန်းထဲမှာ ပျော့ပျောင်း၍ဝူဘင်ကတောင်တွဲချီလာသော ထိုလူသားငယ်ရဲ့ပုံရိပ်ကိုပြန်မြင်တာကြောင့်အိပ်ရမယ် အားပြန်ပြည့်အောင် အိပ်ရမယ်ဟုသာ ပြောနေခဲ့မိတယ်

"ငါမအိပ်ချင်တော့ဘူး ကူးငယ်"

"ကျစ်!! ခင်များမအိပ်ချင်လို့မရဘူး ခင်များဆေးရုံဝန်းထဲကထွက်လာတဲ့ပုံစံကိုခင်များမမှတ်လို့နေမှာပါ ခင်များသိပ်ကိုအားနည်းနေတယ် ဒါကြောင့်အိပ်ရမယ်"

"ကူးငယ် မင်း ကိုယ့်ကိုစိတ်ပူနေတာလားဟင်"

ရေချိုးဖို့ပြင်နေ‌တဲ့ လက်တစ်စုံဟာ စကားတစ်ခွန်းကြောင့်အလိုလိုရပ်တန့်သွားတယ်

"ဟုတ်တယ် ခင်များကိုစိတ်ပူရလွန်းလို့ ရူးတော့မယ်ထင်တယ် ကျွန်တော်ခင်များကိုစွဲလမ်းမိမှာ အရမ်းကြောက်တယ် ကျွန်တော်က အတ္တသိပ်ကြီးတဲ့ကောင်မိုလို့"

"မင်း အတ္တတွေကိုမှ ငါဆိုတဲ့Park jiminကစွဲလမ်းနေပါတယ်ဆိုရင်ကော"

"သိပ်စကားတတ်တာပဲ Jimin shii"

"မင်းကိုချစ်လို့ သူ့ဘာသာတတ်လာတဲ့စကားတွေပါ"

"ကျွန်တော် ခင်များကိုချစ်တယ်"

စကားလဲဆုံးကော မျက်နှာအားတခြားတစ်ဖက်သို့လွဲချသွားတာကြောင့် jiminကရီချင်စိတ်ကိုမနဲထိန်းလိုက်ရတယ်

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Where stories live. Discover now