Part-28🦋

799 95 33
                                    

Unicode ✅✅

‌အိမ်မက်တွေထဲမှာတောင် နိုးမထချင်လောက်သည်ထိ ငါပျော်မွေ့တတ်နေခဲ့ပီ

အဲ့သလောက်တောင် ငါ ချစ်တတ်ခဲ့တာလား
မပိုင်ဆိုင်ရတာ များလွန်းပီး ပိုင်ဆိုင်လွန်းချင်လို့
ငါရူးမတတ်ဖြစ်နေရတာလား
ဒီလိုရင်မောစရာ ကိစ္စရပ်ကြီးကို ဖြစ်နိုင်ရင် ထပ်ပီး မလုပ်ဆောင်နိုင်တော့ဘူး ဘဝဇာတ်ဆရာရယ် တကယ်ကိုပင်ပန်းလွန်းနေပီ""

အိမ်မက်တွေထဲမှာတောင် အားပါးတရ‌ရယ်မောနေကျ လူသားငယ်က အပြင်လက်ရှိလောကမှာ မျက်ဝန်းထဲ၌ရက်စက်ပီးရင်နှင့်ဖွယ်ကောင်းလွန်းတဲ့အကြည့်များက အမြဲတစေစိုးမိုးလျက်သား

"ဟာ သခင်လေးနိုးနေပီလား"

ထုထည်ထူလွန်းလှတဲ့ စပရိန်မွေ့ယာကြီးပေါ်ရှိ နွေး‌လွန်းကပီးကြီးမားလှတဲ့ စောင်ပုံကြားထဲ၌အိပ်ယာနိုးခါစမှုန်ဝါးဝါးပုံစံလေးဖြစ်နေသော သခင်လေးအား အိမ်တော်ထိန်းကြီးမှ
ဂျီငယ်လေးအား လက်တစ်ဖက်၌ချီလျက် လှမ်းမေးလိုက်သည်

"အာ ဟုတ် အိပ်တာအရမ်းကြာသွားတယ် ညနေတောင်စောင်းနေပီရယ် သားဂျီငယ်ပါပါးဆီလာပါအုံး"

အိပ်ယာနိုးခါစပြုံးပြုံးရွင်ရွင်လေးဖြင့်ကြည်လင်နေသော သခင်လေးအား

"သခင်လေးဂျီမင်း အိမ်မက်ထဲမှာပျော်စရာတွေမက်ခဲ့တာလား မျက်နှာလေးက ကြည်လင်နေတာပဲ"

"ဟီးး အဲ့သလောက်တောင်သိသာနေတာလား"

"ဒါပေါ့ သခင်လေးရဲ့ ညနေစာစားတော့မလားသခင်လေး "

"ဟုတ် ပြင်လိုက်တော့ ဗိုက်ဆာနေပီ ကျွန်တော်ရေချိုးပီးဆင်းခဲ့မယ်"

ဂျီငယ်လေးကို ကလေးပုခက်အပုလေးထဲထည့်ထားခဲ့ပီး ရေဝင်ချိုးလိုက်တယ်

အရမ်းကိုပင်ပန်းပီး အိပ်ရေးပျက်များစွားအတွက်စုပီး အနားယူလိုက်ရလို့လားမသိဘူး အားအင်တွေပြည့်နေသလိုပဲ ရေကိုခနလောက်ဝင်စိမ်ကာနေလိုက်ပီး ‌တအောင့်ကြာတော့အင်္ကျီဝတ်စားများလဲကာ သားဂျီငယ်အားချီလျက် ထမင်းစားခန်းထဲဝင်လာခဲ့လိုက်သည်

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Where stories live. Discover now